မှိုင်းပြပြတောင်ဆွယ်
ီရင်မှာတွယ်တာဖူးသော
ကဗျာထူးထူ့း ရွတ်လို့
ပျံနေတဲ့ ဟိုအဝေးထက်
အိပ်တန်းတက်ငှက်တို့ကို
နှုတ်ဆက်ချင်သလို ငေးမိတယ်..။
မြောက်ပြန်လေညှင်းညှင်း
ကံ့ကော်နံ့သင်းသင်းလေး
ငါ့နံဘေးကဖြတ်ပြေးတော့
ကောင်းကင်ကို ငေးမောကြည့်
တိုးတိုးလေး ရယ်မိတဲ့ငါ
မြင်သမျှ ရှုခင်းကို
ခပ်ဖျော့ဖျော့ ရွှေအိုရောင် ခြယ်လိုက်တယ်။



