ဒီတစ်ရက်မှာ
ထပ်ရောက်လာတဲ့ မွေးနေ့
ဘုရားရှင်ရှေ့ သက်စေ့ပန်းတွေကပ်လို့
ဆုတောင်းဖို့ လက်အုပ်ချီရင်း တရားအလင်းပေးတဲ့
မြတ်ဗုဒ္ဓရဲ့ ဂုဏ်ကျေးဇူးကို
ဦးထိပ်ထားကာ ကန်တော့လိုက်ပါတယ်..
ဒီတစ်သက်မှာ
ပိုင်ဆိုင်လာဦးမယ့် ရှေ့နေ့
တစ်ရွေ့ရွေ့ ဖြတ်ကျော်ရင်း
နှလုံးသားလှဖို့ သင်ပေးဖူးတဲ့
မွေးမိခင်ရဲ့ ဂုဏ်ကျေးဇူးကို
ဦးထိပ်ထားကာ ကန်တော့လိုက်ပါတယ်..
ဒီဘ၀မှာ
ကြုံဆုံလာမယ့် ရှေ့ရက်
အခက်အခဲတွေကို ကျော်ဖြတ်လို့
အောင်မြင်မယ့်လမ်းကို ညွှန်ပြဖူးတဲ့
ဆရာသမားများရဲ့ ဂုဏ်ကျေးဇူးကို
ဦးညွှတ်ကာ ကန်တော့လိုက်ပါတယ်..



