Showing posts with label ကျွန်မနှစ်သက်တဲ့ကော်ဖီ. Show all posts
Showing posts with label ကျွန်မနှစ်သက်တဲ့ကော်ဖီ. Show all posts
Tuesday, August 28, 2012
ဒီမနက်.. :)
ရွှေအဆင်း ဖြာလင်းတဲ့
နေခြည်ခင်းတဲ့ မနက်မှာပေါ့..
ခပ်ဖျော့ဖျော့ ကော်ဖီတစ်ခွက်နဲ့..
ငါ့အာရုံတွေ သွက်လို့..
ခပ်လှမ်းလှမ်းက ကြားရတဲ့တေး
ဟိုးအရင်ကထက် ချိုအေးနေတယ်.. .. :)
Monday, August 20, 2012
ကဗျာတိုလေးကို ပြုံးပေးပါ
နေ့သစ်တစ်နံနက်
အပြုံးတစ်ခက်နဲ့
ကော်ဖီတစ်ခွက်တော့
သင့်အတွက် လိုအပ်မယ်ထင်ပါတယ်..
မြင်ပါကွယ်.. လောကအလယ်မယ်
ကော်ဖီလို ခပ်ခါးခါး
ပြဿနာများဆိုတာလည်း ပေါသမို့ ..
သင့်အပြုံးလည်း ပျောက်မှာစိုးရတယ် ..
( အပြုံးတွေ မပျောက်စေပဲ.. မိုးလင်းတိုင်း ပြုံးကြရအောင် ..:) )
အပြုံးတစ်ခက်နဲ့
ကော်ဖီတစ်ခွက်တော့
သင့်အတွက် လိုအပ်မယ်ထင်ပါတယ်..
မြင်ပါကွယ်.. လောကအလယ်မယ်
ကော်ဖီလို ခပ်ခါးခါး
ပြဿနာများဆိုတာလည်း ပေါသမို့ ..
သင့်အပြုံးလည်း ပျောက်မှာစိုးရတယ် ..
( အပြုံးတွေ မပျောက်စေပဲ.. မိုးလင်းတိုင်း ပြုံးကြရအောင် ..:) )
Subscribe to:
Posts (Atom)




