Pages

Showing posts with label မေမေ့မေတ္တာကဗျာများ. Show all posts
Showing posts with label မေမေ့မေတ္တာကဗျာများ. Show all posts

Saturday, January 26, 2013

အမေဆိုတာ ..



 အမေဆိုတာ ..

ရင်အစုံကို ကန်တတ်တဲ့ ခြေတစ်စုံကို မြတ်နိုးစွာ နမ်းရှိက်တတ်သူ.. ♥

ဘယ်လောက်ဆိုးဆိုး.. မရိုးနိုင်အောင် ကြင်နာစိတ်ပူပေးတတ်သူ.. ♥

အပြစ်မမြင်.. အသက်နဲ့ပင် ကာကွယ်ပေးတတ်သူ.. ♥

ခံစားချက်ကိုမျိုသိပ်.. သားသမီးကို အရိပ်တစ်ခုလို အမြဲစောင့်ရှောက်နေချင်သူ.. ♥

သားသမီးတွေရဲ့ အိပ်မက်ကို... အခမ်းနားဆုံးဖန်တီးနိုင်ဖို့ ကြိုးစားသူ.. ♥

ရင်မှာအစဉ်ထားတဲ့ မေတ္တာနဲ့ ကိုယ်ပိုင်အခွင့်အရေးအားလုံးကို သားသမီးတွေအတွက် လမ်းခင်းပေးတတ်သူ.. ♥



(ပြာသိုလပြည့်နေ့မှာ ကျရောက်မယ့် အမေများနေ့အတွက် အမှတ်တရ ဒီစာလွှာလေးနဲ့ ဂုဏ်ပြုပါတယ်)

မေမေ့ကို အရမ်းလွမ်းတယ်.. မေမေ ♥

Friday, October 14, 2011

မာတာမိခင် မေတ္တာရှင်

မွေးတည်းကစ
ချစ်သမျှမို့
မေတ္တာသွယ်သွယ်
ကြင်နာနွယ်ခက်
တွယ်ကာကပ်လို့
မေမေ့ရင်မှာ ငြိခဲ့ပြီ..။

အရွယ်ရောက်စ
ပျိုမြစ်လှမို့
အရိပ်အောက်ဝယ်
ပန်းလေးနှယ်သို့
မနွမ်းဖို့ရန်
မေမေပျိုးလို့ ယုယပြီ..။

ပူပြင်းတောက်တောက်
နေရောင်အောက်က
ရွှေကြာပန်းလို
လောကဓံကို
ကြံ့ကြံ့ခံဖို့
မေမေပြလို့ အားပေးပြီ..။

ပညာတန်ဆာ
ဆင်ယင်ကာပေး
သုံးသပ်တွေးဟန်
မှန်ကုန်ရန်ငှာ
သိလိမ္မာဖို့
မေမေတဖန် ပို့ချပြီ..။

အတတ်လည်းကုန်
အရွယ်စုံဝယ်
ချစ်ခြင်းနွယ်ယှက်
ထိမ်းမြှားဖက်လို့
ခွဲခွာသို့လှမ်း
မေမေတမ်းတ ကျန်ခဲ့ပြီ..။

အဘယ်သို့ပင်
ရှိနေလျှင်လည်း
ထာဝစဉ်မြဲ
ပြုံးလျက်ပဲကွယ်
ဆုံးခန်းရယ်ပေါ့
မေမေကတော့ ခွင့်လွှတ်ပြီ..။

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥

♥ Love Poem ♥