နှစ်ဦးကြား ကာရံထားလို့
နံရံတစ်ဖက်မှာ မင်းနဲ့ငါ
တိတ်ဆိတ်စွာပဲ လမ်းခွဲ
အသည်းတွေလည်း ကွဲ ခဲ့တယ်..။
အိပ်မက်တွေက ၀ိုးတ၀ါး
နိုးသွားတဲ့အခိုက်မှာပဲ ဆိုးရွားစွာ
ငိုခဲ့ရ
အဲ့ဒီညကပေါ့..
ကြယ်စင်တွေမလက် လ မထွက်ဘူး.
Aquarius နတ်သမီး
အရိုးထိအောင် ရူးလို့
လျှပ်စီးတွေကြားမှာ သူ့ရေအိုးလေးမ
မျက်ရည်တွေနဲ့ သွန်ချ ခဲ့တယ်.. ..။
အို..
ကမ္ဘာမြေပေါ်မှာ ရေငန်တွေ လျှံတဲ့ “ည” ပေါ့ကွယ်..
.. ။












