ဒီနေ့ကစပြီး ရန်မဖြစ်ကြေးလို့ ပြောခဲ့ကြတဲ့ ဒီနေ့ ပေါင်းများစွာ ရှိခဲ့တယ်..
ဒီလိုပဲပြောပြောပြီး ရန်ဖြစ်ကြတဲ့ နေ့ပေါင်းကလဲ များခဲ့တယ်..
နက်ဖြန်ကစပြီး လမ်းခွဲမယ့်စကားမပြောကြေးလို့ ပြောခဲ့ကြတဲ့ နက်ဖြန် ပေါင်းများစွာ ရှိခဲ့တယ်..
ဒီလိုပြောပြောပြီး လမ်းခွဲစကားဆိုတဲ့ ရက်ပေါင်းကလဲ များခဲ့တယ်..
ဘယ်သူနဲ့မှ သ၀န်မတိုကြေးလို့ ပြောခဲ့ကြတဲ့ နှုတ်ခမ်းလေးတွေက နူးညံ့တယ်..
ဒီနှုတ်ခမ်းလေးတွေဆီကပဲ သံသယစကားတွေလည်း မရေတွက်နိုင်အောင် ထွက်ခဲ့တယ်..
တွေ့ချင်ရက်နဲ့ မျိုသိပ်ပြီး အိပ်ခဲ့ရတဲ့ ညတွေ ရှိခဲ့တယ်..
ဒီညတွေကပဲ အိပ်မက်ဆိုးကို အလည်လာဖို့ ဖိတ်ခဲ့တယ်..
အဲ့ဒီလိုအနေအထားတွေနဲ့ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပြဿာနာတွေ တက်ခဲ့တယ်..
ဒီပြဿနာတွေကြားပဲ မောင်နဲ့ ကျွန်မ မခွဲနိုင်အောင် ချစ်ခဲ့တယ် ..









