Pages

Showing posts with label cancer အကြောင်း သိကောင်းစရာများ. Show all posts
Showing posts with label cancer အကြောင်း သိကောင်းစရာများ. Show all posts

Saturday, October 22, 2011

CANCER

ကမ္ဘာပေါ်မှာ ကြောက်စရာကောင်းပြီး အဖြစ်များတဲ့ ရောဂါတစ်ခုပါ .. 

ကင်ဆာ (cancer) ဆိုတာ ဘာလဲ ?

ကင်ဆာ (cancer) ဆိုတာ လက်တင်ဘာသာစကားပါ .. အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင်တော့ ကဏာန်း (crab) လို့အဓိပ္ပာယ်ရပါတယ်.. ဘာကြောင့်လဲဆိုတော့ ကင်ဆာရောဂါဟာ မူလကင်ဆာအလုံးကနေပြီး တစ်ခြားနေရာကို ပျံ့နှံ့ပုံဟာ ကဏာန်းကိုယ်ထည်ကနေ လက်တွေအများကြီး ပွားထွက်လာတာနဲ့တူလို့ ကင်ဆာလို့ခေါ်တာပါ .. လူတစ်ယောက်မှာရှိတဲ့ ဆဲလ်တွေဟာ သတ်မှတ်တဲ့ အတိုင်းအတာထိပဲ သွားရပါတယ် .. ဥပမာ. အသည်းဆဲလ်တွေဟာ အသည်းထဲမှာ ပွားချင်သလိုပွားလို့မရပါဘုး ..အသည်းဆဲလ်အရေအတွက်ဟာ သုံးသန်းရှိမယ်ဆိုရင် သတ်မှတ်ချက်ဆဲလ်အရေအတွက်အတိုင်းရှိအောင် ထိန်းထားရပါတယ် .. အဲ့ဒီလို မထိန်းနိုင်ရင် အသည်းပုံကြီးလဲ ပျက်ဆီးသွားပါလိမ့်မယ် .. ပြီးရင်အလုံးတွေ ထွက်လာတာပေါ့ ..ဒီလိုသတ်မှတ်အရေအတွက်ထက် ဆဲလ်တွေ ပိုပွားကုန်တာကိုပဲ ကင်ဆာ ဖြစ်တယ်လို့ ခေါ်တာပါ ..



ဆဲလ် (cell) အရေအတွက်ကို ဘယ်လိုထိန်းသိမ်းရမှာလဲ ?

ဘယ်လိုထိန်းသိမ်းရမလဲဆိုတော့ ဆဲလ်အသစ်အသစ်တွေရောက်လာရင်၊ ပွားလာရင် သက်တမ်းစေ့တဲ့ ဆဲလ်တွေကို သူ့ဘာသာသူ သတ်သေသွားအောင်၊ (suicide) လုပ်သွားအောင် လူ့ခန္ဓာကိုယ်က စီစဉ်ထားပါတယ် .. မလိုတော့တဲ့ ဆဲလ်တွေ အဲ့ဒီလို သူ့ဘာသာသူသတ်သေသွားတာကို ဆေးပညာ အခေါ်နဲ့ (Apoptosis) လို့ခေါ်ပါတယ် .. ဒါကြောင့်ဆဲလ်တွေ လိုသလောက်ပဲပွားပြီး အထိန်းအကွပ်နဲ့ ဆဲလ်အရေအတွက်ကို ကန့်သတ်ထားရာမှာ (Apoptosis) ဟာအဓိကကျပါတယ် .. အဆိုးဆုံးက ဖရီးရယ်ဒီကယ် (free radical) တွေဟာ ကင်ဆာဖြစ်စေတာမှာ အရေးပါတဲ့ အကြောင်းအရာတစ်ခုပါ ..

အကောင်းဆုံးကတော့ ကင်ဆာရောဂါတွေကို ကာကွယ်ပေးတဲ့ အင်တီအောက်ဆီးဒင့် (Antioxidant) ဓါတ်ပါတဲ့ အစားအစာတွေကို များများစားဖို့ပါပဲ ..

(wellness)



                                      cancer cells ----------------------^

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥

♥ Love Poem ♥