Pages

Showing posts with label လွတ်လပ်စွာ တွေးပြီး ရေးသည်. Show all posts
Showing posts with label လွတ်လပ်စွာ တွေးပြီး ရေးသည်. Show all posts

Monday, January 14, 2013

အမှန်တော့ ကိုယ်ယုံကြည်ရာတစ်ခုအတွက် အစွန်းရောက်ဖို့မလိုပါဘူး.. ဖြောင့်မတ်တည်ကြည်ဖို့ပဲ လိုပါတယ်..



ပိုင်ဆိုင်စရာများတဲ့ ဒီကမ္ဘာမှာ
အရာရာကတော့ ခဏအတွက်ပါ..
အလည်လာတဲ့ တို့တွေဟာ
အခိုက်အတန့်တွေတိုင်း ဆင်ဆင်ခြင်ခြင်နဲ့ မရိုင်းပဲ
ကိစ္စအ၀၀ကို နှိုင်းနှိုင်းဆဆလေး ဆောင်ရွက်လို့
သွေးမပျက်ပဲ မေတ္တာဖက်ရင်း လူပီသကြစို့လေ..

တစ်ခါတစ်ရံ ကန့်သတ်ထားတဲ့ ဘာသာတွေကြား
အာဃာတတွေများ ဒေါသတွေပွားနေလို့
ကိုယ်ကိုးကွယ်တဲ့ဘုရား အမြင့်မြတ်ဆုံးမရောက်ဘူး..
ဖြူဖြူမည်းမည်း ကြင်နာတတ်သူအားလုံးက လူတွေပဲ..

တကယ်ဆို လူကိုလူလိုပဲ မြင်ကြပြီး
လူကိုလူချင်းပဲ စောင့်ရှောက်ကြရမယ်..
ကျယ်ပြောပြီး မာယာများတဲ့ ဒုက္ခပင်လယ်ထဲရောက်တဲ့အခါ
လူဖြူလူမည်း ဘာသာကွဲလည်း ကံကြမ္မာက မျက်နှာသာပေးမယ်မထင်ဘူး..
သင်သာ ကြင်နာတတ်သူတစ်ယောက် ဖြစ်ပါစေ....

ဒီကမ္ဘာမြေမှာ လူလာဖြစ်ရသူတွေအားလုံးအတွက် သင် ထောပနာပြုပေးနိုင်လား..
စကားလုံးတွေတစ်ခါတစ်ရံ ကြီးကျယ်ကောင်း ကြီးကျယ်မယ်..
အမှန်တရားရဲ့မြင့်မြတ်မှုကိုတော့ သင်လက်မခံလို့မရဘူး မဟုတ်လား..

ဒီကမ္ဘာမြေဟာ ကျွန်မတို့အားလုံး အခိုက်အတန့်အလည်လာကြတဲ့ ထူးဆန်းတဲ့ နေရာလေးတစ်ခုပါ..
ဒီကမ္ဘာမြေကို သင် သွေးစွန်းစေခဲ့ရင်.. သင် အပြစ်ဖြစ်မှာပဲ..
အဲ့ဒီအတွက် မှန်ကန်တဲ့ ဆင်ခြင်တစ်ခုကို သင်ပေးနိုင်ခဲ့ရင်တော့..
သူ့ဧည့်စာရင်းထဲမှာ သင်က လူကောင်း ဖြစ်နိုင်ပါလိမ့်မယ်..

အမှန်တော့ ကိုယ်ယုံကြည်ရာတစ်ခုအတွက် အစွန်းရောက်ဖို့မလိုပါဘူး..
ဖြောင့်မတ်တည်ကြည်ဖို့ပဲ လိုပါတယ်..

Monday, July 2, 2012

ကိုယ်ချင်းစာတတ်စေ





















ငဲ့ပါ.. ညှာပါ..

ကိုယ်နဲ့တွေ့သူ မှန်သမျှ

တိုက်ပွဲကြမ်း ၀င်နေရလို့ပါ.. ..။


စာနာပါ.. သနားပါ..

အဆင့်အတန်း မခွဲခြားပဲ

ကြင်နာမှုတွေ ဖွင့်လှစ်ပြပါ.. ..။


ဆင်ခြင်ပါ.. ရှုမြင်ပါ..

ဘ၀ဆိုတာ ပုံသေမရှိတော့..

မြင့်ရာမှလည်း နိမ့်ရာသို့ ကျဆင်းတတ်လို့ပါ.. ..။

Monday, June 11, 2012

အရိပ်နေနေ အခက်ချိုးချိုး



~> မည်သူမဆို အေးမြတဲ့အရိပ်အောက်မှာ နားခိုပိုင်ခွင့်ရှိပေမယ့် အခက်ချိုးပိုင်ခွင့်မရှိဘူး။

~> မည်သူမဆို မိမိကြိုက်သည့် ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိပေမယ့် တစ်ဦးဘာသာကို တစ်ဦး ထိခိုက်ပုတ်ခတ်ပိုင်ခွင့်မရှိဘူး။

~> မည်သူမဆို ကိုယ့်သားသမီး၊ ကိုယ့်ဆွေမျိုးမောင်နှမကို နာကျည်းစွာ စွန့်ပစ်နိုင်ပေမယ့် သူများသားသမီးကို ယုတ်မာစွာ စော်ကားပိုင်ခွင့်မရှိဘူး။

~> မည်သူမဆို ပိုင်ဆိုင်စရာ မြေတဆုပ်မရှိလို့ တောင်းခံပိုင်ခွင့် ရှိပေမယ့် သူများမြေကို မတရားလုပိုင်ခွင့်မရှိဘူး။

လူသားတိုင်းမှာ ကျေးဇူးတရား၊ နားလည်မှုတရား၊ ကိုယ်ချင်းစာတရား၊ ကိုယ်ကျင့်တရား မရှိပဲ အသက်ရှင်သန်ခြင်း ပြုမည်ဆိုလျှင် ထိုသူများသည် မြင့်မြတ်သည့် လူသားဘ၀နှင့်ပင် မထိုက်တန်။




ခုဆိုလျှင် ကျွန်တို့တိုင်းရင်းသားဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများဟာ ကိုယ့်မြေကိုယ့်ရေကို ပစ်ပြီး ကိုယ့်အသက်၊ ကိုယ့်စည်းစိမ်၊ ကိုယ့်သားသမီးများအတွက် ဒုက္ခသည်နီးပါး(ဒုက္ခသည်ပါပဲ) ထွက်ပြေးနေရပြီ။ တကယ့်အမှန် ပိုင်ဆိုင်စရာ၊ ညွှန်ပြစရာ တိုင်းပြည်မရှိတဲ့ ဒုက္ခသည်ဖြစ်ခဲ့ဖူးတဲ့ ရိုဟင်ဂျာ ဘင်္ဂလီကုလားများက အမဲသားအ၀စားထားရတဲ့ လမ်းဘေးကခွေးလို သူတို့ကိုယ်သူတို့ ဟုတ်လှပြီလို့ထင်နေကြသည်။ ကျွန်မတို့တွေ တရိုတသေ အထွဋ်အမြတ်ထားတဲ့ ဘုရားပုထိုးတွေကို ယုတ်မာစွာ စော်ကားခြင်းကို မသိကျိုးကျွံပြုနေကြရအောင် ကျွန်မတို့ ရူးနေမှပင်ဖြစ်မည်။

ကျွန်မတို့ အင်တာနက်ပေါ်တက်လိုက်ပြီဆိုလျှင် လူထုတွေရဲ့ မခံမရပ်နိုင်ပေါက်ကွဲသံတွေနဲ့ မလှမပတန်ဆာဆင်ထားတဲ့ ပိုစ့်တွေက နေရာအနှံ့။ ဖြစ်ချင်ရာဖြစ် သည်းခံချုပ်တည်းနိုင်စွမ်းကုန်တဲ့ ပေါက်ကွဲသံတွေကလည်း သတ္တိရှိသူတွေရဲ့ စာမျက်နှာတိုင်းမှာ။ တစ်ချို့တွေကျတော့လည်း ပွင့်လင်းစွာ like တောင်မလုပ်ပေးရဲပေမယ့် ရင်ထဲမှာ ဒီရိုဟင်ဂျာတွေကို မကြာခဏ ပြေးပြေးသတ်နေမည်သာ။ ကျွန်မပင် ပြေးသတ်သည့် အကြိမ်အရေအတွက်ပေါင်းမနည်း။

မုန်းသည်။ ရွံသည်။ နာကျည်းသည်။ မာရ်နတ်လို တကယ့်နတ်ဆိုးတွေရဲ့ စေတမန်များပင်။ ဘယ်တိုင်းပြည်မှတောင် လက်မခံရဲတဲ့၊ ကိုယ့်မြေကိုယ့်ရေပေါ်က ကိုယ့်အသွေးအသားတွေကိုလည်း ထိခိုက်ယုတ်မာလာတဲ့ ဒီလို အန္တရယ်ရှိတဲ့မျိုးနွယ်စုကို ကျွန်မတို့ဆက်ပြီးနေရာပေးထားလျှင်တော့ တစ်ဖြည်းဖြည်းနဲ့လှိုက်စားလာတဲ့ကင်ဆာရောဂါဆိုကြီးလို မြန်မာပြည်တော့ လုံးပါးပါးလာဖို့သာ ရှိတော့မည်ဖြစ်သည်။ 



စေတီပုထိုးများနှင့် ရခိုင်ပြည်ရဲ့ နေညိုချိန် ရွှေအိုရောင်အလှ


အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥

♥ Love Poem ♥