မှိုင်းပြပြတောင်ဆွယ်
ီရင်မှာတွယ်တာဖူးသော
ကဗျာထူးထူ့း ရွတ်လို့
ပျံနေတဲ့ ဟိုအဝေးထက်
အိပ်တန်းတက်ငှက်တို့ကို
နှုတ်ဆက်ချင်သလို ငေးမိတယ်..။
မြောက်ပြန်လေညှင်းညှင်း
ကံ့ကော်နံ့သင်းသင်းလေး
ငါ့နံဘေးကဖြတ်ပြေးတော့
ကောင်းကင်ကို ငေးမောကြည့်
တိုးတိုးလေး ရယ်မိတဲ့ငါ
မြင်သမျှ ရှုခင်းကို
ခပ်ဖျော့ဖျော့ ရွှေအိုရောင် ခြယ်လိုက်တယ်။
လာရောက်အားပေးသွားတယ် ညီမလေး ကြည်ဖြူရေ။
ReplyDeleteခင်မင်တဲ့
မကြီးလွမ်း
ကဗျာလေးအားပေးသွားပါတယ်။။
ReplyDeleteအမ်း..ကဗျာတော့ တော်တော်ရေးတတ်တာပဲ...လူနဲ့ကဗျာ လိုက်ပါပေ့...။
ReplyDeleteငါ့တော့ရွှေအိုရောင်မချယ်နဲ့နော်...ကဗျာဆရာမလေး....အားပေးသွားပါတယ်ဗျာ....
ReplyDelete'ရွှေအိုရောင် ညနေ'ဆိုတဲ့ ခေါင်းစည်လေးလှတယ် ညလေးရေ။
ReplyDeleteကဗျာလေး အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရွှေအိုရောင် ညနေ လေးကိုခံစားသွားပါတယ်ကောင်သောကဗျာလေးတပုဒ်ပါကျေးဇူးတင်ပါတယ်..
ReplyDeleteကဗျာလေးက အရမ်းကောင်းတယ်.. ချစ်စရာပိုကောင်းတာ :)
ReplyDeleteအမြဲတမ်း ရွှေအိုရောင်တွေ ခြယ်သနိုင်ပါစေ ညီမလေး.။ အမြဲအားပေးနေမယ်နော်..။
ReplyDeleteခင်မင်လျက်
အမလှိုင်း