Showing posts with label လွတ်လပ်ရေးဖခင်အတွက် လွတ်လပ်စွာ ဂုဏ်ပြုသည်. Show all posts
Showing posts with label လွတ်လပ်ရေးဖခင်အတွက် လွတ်လပ်စွာ ဂုဏ်ပြုသည်. Show all posts
Thursday, July 19, 2012
ဇူလိုင့်အာဇာနည်များအား အလေးပြုလျက်
ဇူလိုင်ဆယ့်ကိုး ထိုနေ့မျိုးမှာဖြင့်
တစ်ချိန်မယ်တုန်းက ရင်နင့်စဖွယ်
သူရဲကောင်းတွေ သွေးမြေကျခဲ့တယ်..
ဇူလိုင်ဆယ့်ကိုး ဤနေ့မျိုးမှာတော့
လွမ်းဆွတ်လို့ရယ် ငါတို့တစ်တွေ
သူရဲကောင်းတွေကို ဂုဏ်ပြုခဲ့ကြတယ်..
ဇူလိုင်ဆယ့်ကိုး ဘယ်တော့မှမညှိုးတဲ့
သူရဲကောင်းတွေ စိုက်ခဲ့တဲ့အသီးအပွင့်ကို
ငါတို့တွေ ခံစားရင်း ထာဝစဉ် အလေးပြုလျက်ကွယ်..။
(၂၀၁၂ခုနှစ်၊ ဇူလိုင်(၁၉) တွင် ကျရောက်သည့် (၆၅) နှစ်မြောက်
အာဇာနည်နေ့အား ဤခံစားချက်စာစုလေးနှင့် ဂုဏ်ပြုအပ်ပါသည်။)
Subscribe to:
Posts (Atom)



