Pages

Showing posts with label သူငယ်ချင်းများအတွက် ရင်တွင်းဖြစ်ကဗျာများ. Show all posts
Showing posts with label သူငယ်ချင်းများအတွက် ရင်တွင်းဖြစ်ကဗျာများ. Show all posts

Thursday, January 19, 2012

“သိုးမည်းတစ်ကောင်အတွက် ”



တစ်ဘ၀လုံး ဗြောင်းဆန်အောင်
အပြန်ပြန် လူးလှိမ့်လို့..
အဟောင်းပုံတွေကြားက မထွက်တဲ့စိတ်ဓါတ်နဲ့
မိတ်ဖက်တွေကိုလည်း ဂရုမစိုက်..
ရူးမိုက်စွာ အမှောင်ထဲ.. တစ်ကောင်ထဲ လျှောက်နေတဲ့
“သိုးမည်း” ရေ .. ..။

မင်းဘေးမှာ အလင်းတွေက အဆုပ်လိုက် ထည်ဝါနေလည်း..
ဒါကို မင်းက ပုပ်နေတဲ့စိတ်နဲ့ ဖယ်ခါခဲ့..
အရှုပ်တွေကြား နတ်ဆိုးတစ်ကောင်လို ခေါင်းဆောင်..  ရသခါးခါး သုံးဆောင်ရင်း..
ငါ သတ်မှတ်ပေးတဲ့ “သူငယ်ချင်း” ကိုတောင်.. မင်းက လှောင်ပြီ .. ..။

ခဏဆိုတဲ့ ဘ၀ကို မင်းက “အရူးကောင်” လို မူးအောင်သောက်ပြီး ဖြုန်း..
အတုန်းအရုန်းနဲ့ ကျရှုံးတဲ့ ကောင်းခြင်းတွေလည်း မင်းဘေးမှာ ဆုံးပါးကုန်တော့..
ခပ်ဝေးဝေးမှာ ငါမြင်တယ် ~~!..
ပြင်ရန်မရှိတဲ့ အတ္တတွေ ပိုက်.. တစ်လောကလုံးကို ဟားတိုက်တဲ့မင်း..
တစ်ချိန်အရိပ်တွေကိုတောင် ပြန်ကြောက်.. အသူရာနက်တဲ့ ချောက်ထဲ
မှောက်ရက်လဲတဲ့ ကျားတစ်ကောင်ရဲ့မျက်ရည် တွေကို .. မမျှတစွာ.. လူတွေက စုတ်သတ်..
မင်းသတ်မှတ်ခဲ့တဲ့ လှပတယ်ဆိုတဲ့ ကောက်ကြောင်းတွေက မင်းကို နှုတ်ဆက်ကြပြီ.. ..။

ကဲ.. မင်းပြုခဲ့တဲ့အမှု အစုစုတို့ကို မင်းကိုယ်တိုင် ထောပနာပြု ..
မရှုမလှနဲ့ ကျဆုံးတဲ့ပွဲ.. မင်းရဲ့ “လှောင်ပြုံး” တွေလဲ ကွဲ..
ဒါပေမယ့်လည်း .. မပြောင်းလဲပဲ
ငါ့ ရင်ထဲက “သူငယ်ချင်း” ဆိုတဲ့ ပန်းတစ်ပွင့်
မင်းအတွက် အစဉ်လန်းလို့ ဘယ်တော့မှ မလွင့်စေခဲ့ဘူး .. ..။

မင်းရဲ့ နှလုံးသားနဲ့ နားဆင်တော့ ~~!
ရှိသမျှ သစ္စာတွေနဲ့ တိုင်တည်လို့ ငါ ပြောမယ် ..

ကမ္ဘာတည်သ၍ မြဲနေမည့် သိမ်မြေလို
ငါ ရှင်သန်သ၍ တန်ဖိုးထားမည်မှာ
“သူငယ်ချင်း” ဆိုသည့်
ဝေါဟာရ တစ်ခုပင် ဖြစ်၏ .. .. ..။

Friday, October 14, 2011

သူငယ်ချင်း (အဲသိုဝ်)

 
ပြာသိုလမှာခွာညိုပွင့်တော့
လာကြိုခွင့်ကို ပေးချင်တယ်…။
အေးချမ်းတဲ့ သဘောကိုဆောင်တဲ့
တောတောင်တွေရဲ့ အလှဟာ
တို့ဘ၀တွေရဲ့ နိမိတ်ဆိုရင်
ထာဝရအတွက်
တွဲလက်တွေ မဖြုတ်စတမ်း
ဘယ်သူပြိုလဲ ဖေးမကူညီ
အနာဂါတ်လမ်း
ဘယ်လောက်ကြမ်းကြမ်း
ရဲရဲလှမ်းမည်
မယိုင်မလဲ ခိုင်မြဲသစ္စာ
ကျောက်စာတိုင်ပမာ
နှလုံးသားတွင် ကမ္မည်းတင်လို့
မော်ကွန်းတည်မည်…။
ဘယ်လောက်ဝေးဝေး
သွေးမအေးတဲ့ ဖြူစင်မေတ္တာတွေ
ရင်ထဲမှာ အပြည့်
နင်တွေ့စေဖို့
ငါအင်အားတွေ မွေးနေပါ့မယ်..။
ကြိုးစားပါ သူငယ်ချင်း..
လောကမှာ အရောင်တွေ
တောက်ပစေဖို့ နောက်မကျခင်
ဘ၀ကို အလှဆင်ရင်း
ရောက်တဲ့နေရာတိုင်းမှာ
သတိနဲ့ စဉ်းစား
အတင်းစကားတွေလည်း နင်မယုံပါနဲ့ကွယ်…။

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥

♥ Love Poem ♥