Pages

Showing posts with label အလှအပနှင့် ကျန်းမာရေး ကဏ္ဍများ. Show all posts
Showing posts with label အလှအပနှင့် ကျန်းမာရေး ကဏ္ဍများ. Show all posts

Thursday, March 15, 2012

GOOD TO KNOW !

One of the good things that changes your  life style and make u happy always..!!
Try to Do these small small things and stay happy. 
ကောင်းတဲ့အချက်ကလေးတခုက သင့်လူမှုဘ၀အပြောင်းအလဲဖြစ်နိုင်ပြီးတော့ သင့်ကို ပျော်ရွှင်မှု အမြဲပေးတယ်။ ဒီသေးငယ်တဲ့ အကြောင်းအရာလေးတွေကို ကြိုးစားလုပ်ကြည့်ရင်းနဲ့ ပျော်ရွှင်စွာနေပါ ။
 

Health: 
ကျန်းမာရေး

1. Drink plenty of water. 
၁။ ရေများများသောက်ပါ။

2. Eat breakfast like a king, lunch like a prince and dinner like a beggar.
၂။ နံနက်စာကို ဘုရင်လိုစားပါ။ နေ့လယ်စာကို မင်းသားလိုစားပါ။ ညစာကို သူတောင်းစားလိုစားပါ။

3. Eat more foods that grow on trees and plants and eat less food that is manufactured in plants.
၃။ အပင်ကရတဲ့ သဘာဝ သစ်သီးကို ပို စားပါ။ အပင်ကထုတ်တဲ့ အစားအစာကို လျော့စားပါ။

4. Live with the 3 E's – Energy, Enthusiasm, and Empathy.
၎။ E သုံးလုံးကို ဆောင်ပါ။ Energy ထကြွလုံ့လရှိပါ။ Enthusiasm စိတ်အားထက်သန်မှုရှိပါ။ Empathy စာနာပါ။.

5. Make time to practice meditation, yoga, and prayer.
၅။ တရားထိုင်ဖို့ ၊ ယောဂကျင့်ဖို့၊ ဆုတောင်းဖို့ အချိန်ပေးပါ။

6. Play more games.
၆။ ကစားနည်းများကို ကစားပါ။

7. Sit in silence for at least 10 minutes each day. 
၇။ တစ်ရက်ကို အနည်းဆုံး (၁၀) မိနစ်အနည်းဆုံး ငြိမ်သက်စွာထိုင်နေပါ။

8. Sleep for 7 hours.
၈။ (၇)နာရီ အိပ်ပါ။

9. Take a 10-30 minutes’ walk every day. And while you walk, smile. 
၉။ နေ့စဉ်နေ့တိုင်း  (၁၀) မိနစ်ကနေ  (၃၀) မိနစ်ခန့် လမ်းလျှောက်ပါ။ သင်လမ်းလျှောက်နေစဉ် ပြုံးပါ။

Personality:
ကိုယ်ရည်ကိုယ်သွေး

1. Don't compare your life to others'. You have no idea what their journey is all about.
၁။ တစ်ခြားသူရဲ့ဘ၀နဲ့ သင့်ဘ၀ မနှိုင်းယှဉ်ပါနဲ့။ သူတို.ရဲ. ခရီးလမ်းကြောင်းက သင့်ကို ဘာမှဖြစ်မလာစေပါဘူး ။

2. Don't have negative thoughts or things you cannot control. Instead invest your energy in the positive present moment.
၂။ ကိုယ်ဘာမှမတတ်နိုင်တဲ.အကြောင်းအရာပေါ်မှာ အပျက်သဘောမတွေးပါနဲ. ။ အဲဒီအစား မင်းရဲ့ စွမ်းအင်တွေကို  အပြုသဘောဆောင်တဲ့ လက်ရှိအချိန်မှာ ရင်းနှီးလိုက်ပါ ။

3. Don't overdo. Keep your limits.
၃။ အပိုတွေ မလုပ်ပါနဲ့။ အကန့်အသတ်လေးနဲ့လုပ်ပါ။

4. Don't take yourself so seriously. No one else does.
၎။ သင့်ကိုယ်သင် တယူသန်အောင် အလေးအနက်ဖြစ်လွန်းအောင်မလုပ်ပါနဲ့။ ဘယ်သူမှမလုပ်ကြပါဘူး ။

5. Don't waste your precious energy on gossip.
၅။ အတင်းအဖျင်းစကားတွေနဲ့ သင့်ရဲ့တန်ဖိုးရှိတဲ စွမ်းအင်ကို မဖြုန်းတီးပါနဲ့။

6. Dream more while you are awake.
၆။ နိုးလာတဲ့အခါ မျှော်လင့်ချက်ထားပါ။

7. Envy is a waste of time. You already have all you need.
၇။ မနာလိုမှုက အချိန်ကုန်စေတယ်။ သင့်လိုအပ်နေတာတွေက သင့်ထံမှာရှိနေပြီးသားပါ။


8.Forget issues of the past. Don't remind your partner with his/her mistakes of the past. That will ruin your present happiness.
၈။ အတိတ်အကြောင်းတွေ ကိုမေ့ထားပါ သင့်မိတ်ဆွေရဲ့အတိတ်ကမှားခဲ့တဲ့ အကြောင်းတွေကို ပြန်ပြီးသတိမပေးပါနဲ့။
ဒါတွေဟာသင့်လက်ရှိပျော်ရွှင်မှုတွေကို ပျက်စီးစေလိမ့်မယ်။

9. Life is too short to waste time hating anyone. Don't hate others.
၉။ ဘ၀ဆိုတာ လူတစ်ယောက်ကို မုန်းပြီး အချိန်ဖြုန်းဖို့ တိုတောင်းလွန်းတယ်။ သူများကို မမုန်းပါနဲ့ ။

10. Make peace with your past so it won't spoil the present.
၁၀။ပြီးခဲ့တဲ့ အတိတ်ကို ငြိမ်းအေးပါစေတော. ။ပြီးခဲတာ ပြီးပါစေ ။ ဒါဆိုရင် လက်ရှိအချိန်ကို ပျက်စီးစေမှာမဟုတ်တော့ဘူး ။

11. No one is in charge of your happiness except you.
၁၁။ သင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ သင်.ပျော်ရွှင်မှုရဲ. တာဝန်ရှိသူမဟုတ်ပါဘူး ။ သင်ကိုယ်တိုင် က သာ သင်.ကိုပျော်ရွှင်စေတာပါ ။

12. Realize that life is a school and you are here to learn. 
၁၂။ ဘဝဆိုတာ မင်းသင်ဖို.ရောက်လာတဲ. ကျောင်းတခုဆိုတာ အမှတ်ရပါ ။

13.Problems are simply part of the curriculum that appear and fade away
like algebra class but the lessons you learn will last a lifetime.
၁၃။ ပြဿနာတွေဟာ သင်ရိုးညွှန်းတမ်းရဲ့လွယ်ကူတဲ့ အစိတ်အပိုင်းလေးပါ။ အက္ခရာသင်္ချာဘာသာရပ် ဟာ အရောင်မှိန်ပြီး
ပျောက်ကွယ်သွားပေမယ့် သင်ခန်းစာများကတော့ တစ်သက်တာရဲ့နောက်ဆုံးအချိန်အထိသင်လေ့လာပါ။

14. Smile and laugh more.
၁၄။ များများ ပြုံး၊ များများရယ်ပါ။

15. You don't have to win every argument. Agree to disagree.
၁၅။ အငြင်းပွားမှုအားလုံးကို မင်းအနိုင်မယူပါနဲ. ။ သဘောထားကွဲလွဲမှုကို သဘောတူပါ။


Society:
လူနေမှုစနစ်

1. Call your family often.
၁။ သင့်မိသားစုထံ မကြာခဏဖုန်းဆက်ပါ။

2. Each day give something good to others.
၂။ ကောင်းမှုတစ်ခု နေ့စဉ်ပြုပေးပါ။

3. Forgive everyone for everything.
၃။ အရာအရာတိုင်းအတွက် လူတိုင်းကို ခွင်.လွှတ်ပေးပါ  ။

4. Spend time with people over the age of 70 & under the age of 6.
၎။ အသက် ၇၀ ကျော်သူတွေ၊ အသက် ၆ နှစ်အောက် လူတွေနဲ့ အချိန်ကို ကုန်လွန်ပါစေ။

5. Try to make at least three people smile each day.
၅။ တစ်နေ့လျှင် လူသုံးယောက်ကို ပြုံးပြဖို့ ကြိုးစားပါ။

6. What other people think of you is none of your business.
၆။ သူများတွေက မင်းအကြောင်းဘာပဲထင်ထင် ..အဲဒါမင်းအလုပ်မဟုတ်ပါဘူး ။ ထင်ချင်သလိုထင်ကြပါစေ ။

7. Your job won't take care of you when you are sick. Your friends will. Stay in touch. 
၇။ သင့်အလုပ်က သင်ကျန်းမာရေးမကောင်းရင်တာဝန်ယူမှာမဟုတ်ဘူး။ သင့်မိတ်ဆွေတွေ စောင့်ရှောက်လိမ့်မယ်။ သူတို့နဲ့ အဆက်အသွယ် အမြဲရှိပါစေ ။


Life: 
ဘဝ

1. Do the right thing!
၁။ ကောင်းတာကိုလုပ်ပါ။

2. Get rid of anything that isn't useful, beautiful or joyful.
 ၂။ အသုံမဝင်တာတွေ ..လှပမှုမရှိတာတွေ ... ...ပျော်ရွှင်ဖွယ်မကောင်းတာတွေ အဲဒီအရာတွေ ကို ဖယ်ရှားပါ။

3. GOD heals everything.
၃။ ဘုရားသခင်က ဒဏ်ရာ အားလုံးကို သက်သာစေပါတယ် ။

4. However good or bad a situation is, it will change.
၎။ဘယ်လောက်ကောင်းတာပဲဖြစ်ဖြစ် ...ဆိုးတာပဲ ဖြစ်ဖြစ် ..ဒီအတိုင်းအမြဲ မနေပါဘူး ။ ပြောင်းလဲသွားမှာပါ ။

5. No matter how you feel, get up, dress up and show up.
၅။ မင်းဘယ်လောက်ပဲ ခံစားနေရပါစေ .....ထပါ ...ဟန်ပြင်ပါ ...ထွက်ပေါ်လာပြလိုက်စမ်းပါ ။

6. The best is yet to come.
၆။ ယခုအချိန်က အကောင်းဆုံးဖြစ်တယ်။

7. When you awake alive in the morning, thank GOD for it 
၇။ နံနက်ချိန်ခါ သင်တက်ကြွစွာနိုးထလာရင် ဘုရားသခင်ကို ကျေးဇူးတင်ပါ ။

8. Your Inner most is always happy. So, be happy.
၈။ သင့်အတွင်းကျဆုံးက အမြဲ  ပျော်ရွှင်နေတာပါ ....ဒါကြောင့် ပျော်ရွင်ပါစေ ။


(forward  mail)

အရွယ်တင် နုပျိုစေမည့် သဘာဝ နည်းလမ်း ၁၀ ချက်


အရွယ်တင် နုပျိုရုံတင်မက ဦးနှောက်စွမ်းအား ကောင်းပြီး အသားအရေ
ချောမွေ့နေဖို့အတွက် သဘာဝကျတဲ့ နည်းလမ်းတွေကို အကြံပြုလိုက်ပါတယ်။


၁။ စိတ်ဖိစီးမှုကို လျှော့ချပါ

စိတ်ဖိစီးမှုက လူတိုင်းအတွက် ရန်သူပါပဲ။ စိတ်ဖိစီးမှုများရင်
အရေးကြောင်းထင်နှုန်း မြင့်မားပြီး အိုမင်းလွယ်တတ်ပါတယ်။ ဒါကြောင့် နေ့စဉ်
စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး အာဟာရ
ပြည့်ပြည့်ဝဝ စားပေးပါ။ လတ်တလော လေ့လာမှုတွေအရ စိတ်ဖိစီးမှုကြောင့်
ခန္ဓာကိုယ် အိုမင်းလွယ်ပြီး ပြောင်းလဲမှုတွေ ဖြစ်ကြသလို အဒရီနယ်လင်နဲ့
ကော်တီစောလို ဟော်မုန်းတွေ မြင့်တက်တာကြောင့် သွေးတိုးတာနဲ့
နှလုံးခုန်နှုန်း မြန်တာတွေ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင်
အိပ်မပျော်တာ၊ ပူပင်သောကများတာ၊ ဒေါသထွက်တာ၊ သွေးတိုးတာနဲ့ နှလုံးရောဂါ
ထတာတွေလို ကျန်းမာရေး ပြဿနာတွေနဲ့လည်း ဆက်စပ်မှု ရှိနေပါတယ်။

စိတ်ဖိစီးမှု လျော့ကျအောင် ဘာလုပ်မလဲ

စိတ်ဖိစီးမှုထိန်းနိုင်တဲ့ အကောင်းဆုံးနည်းက တရားထိုင်တာ ဖြစ်ကြောင်း
လေ့လာသူတွေက ဆိုပါတယ်။ အချိန်အကြာကြီး တရားမထိုင်နိုင်ရင်တောင် တစ်နေ့မှာ
အနည်းဆုံး ၁၀ မိနစ်လောက် ထိုင်ပေးရုံနဲ့ စိတ်ဖိစီးမှု လျော့ကျနိုင်ပါတယ်။


၂။ ကောင်းသော အဆီများများ စားပါ

အိုမီဂါ ၃ ဖက်တီးအက်စစ်များစွာ ပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့
အစာတွေကို စားပေးတာက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့်
စိတ်ခံစားမှုကို တည်ငြိမ်စေတာ၊ အရိုးတွေကို သန်စွမ်းစေတာနဲ့
အိုမင်းမှုကြောင့်ဖြစ်တဲ့ အမြင်ပြဿနာတွေကို လျော့ကျစေပါတယ်။ အိုမီဂါ ၃
ဖက်တီးအက်စစ်ဟာ ခန္ဓာကိုယ် အင်ဇိုင်းတွေရဲ့ စွမ်းဆောင်နိုင်စွမ်းကို
ကောင်းမွန်စေပြီး စွမ်းအင် အဖြစ် သုံးပေးနိုင်ပါတယ်။ အသားအရေကိုလည်း
တောက်ပစေပါတယ်။

ကောင်းသော အဆီရရှိအောင် ဘာလုပ်မလဲ

တစ်နေ့မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို နှစ်ဂရမ် မှီဝဲဖို့
ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။ အိုမီဂါ ၃ ပါတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊
သီဟိုဠ်စေ့ စတာတွေကို စားပေးပါ။ တကယ်လို့ မစားဖြစ်ရင် အိုမီဂါ ၃
ဖြည့်စွက်ဆေး မှီဝဲပါ။



၃။ လှုပ်ရှားမှု လုပ်ပါ

ပုံမှန် လေ့ကျင့်ခန်း လုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ရုံ သာမက
ကြွက်သားတွေ သန်စွမ်းတာ၊ အရိုးတွေ သန်မာတာ၊ စိတ်ခံစားမှု ကောင်းတာနဲ့
ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်စွမ်းရှိတာ စတဲ့ အကျိုးကျေးဇူးတွေကို
ရရှိစေပါတယ်။  တစ်နေ့မှာ ၁၀ မိနစ်ခန့် လမ်းလျှောက်ပေးရုံနဲ့
အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုလည်း ၄၀ ရာခိုင်နှုန်း
လျော့ကျစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် စိတ်ဖိစီးမှုနဲ့
ပူပင်သောကတွေကို ဖယ်ရှားပေးနိုင်ပြီး မှတ်ဉာဏ်ကို တိုးတက်
ကောင်းမွန်စေပါတယ်။

တစ်နေ့တာ လိုအပ်သော ကိုယ်လက်လှုပ်ရှားမှု ရရှိအောင် ဘယ်လိုလုပ်မလဲ

တစ်နာရီ ထိုင်ပြီးတိုင်း တစ်ကြိမ် လမ်းထလျှောက်ပါ။ တစ်နေ့ မိနစ် ၃၀ လောက်
လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာနဲ့ ကခုန်တာတွေကို
လုပ်ဆောင်ပေးပါ။


၎။ စပျစ်ဝိုင် အနည်းငယ် သောက်ပါ

စပျစ်သီးထဲမှာပါတဲ့ ရက်စ်ဗာရထရောဓာတ်ကို ရရှိတဲ့သူတွေက
မရရှိသူတွေထက်စာရင် သက်တမ်းကြာကြာ နေရတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
ကြွက်တွေကို လေ့လာမှုအရ ရက်စ်ဗာရထရောဟာ ဆီးချိုသွေးချို
ရောဂါဖြစ်နိုင်ခြေနဲ့ အသည်းရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့
သိရပါတယ်။ အဝလွန်တာနဲ့ ဆက်စပ်နေတဲ့ သေဆုံးမှုကလည်း သိသိသာသာ
လျော့ကျစေပါတယ်။ တစ်နေ့မှာ စပျစ်ဝိုင်တစ်ခွက် သောက်ပေးမယ်ဆိုရင်
ဒီအကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။ ဂျွန်ဟော့ပ်ကင်းရဲ့ လေ့လာမှု
အသစ်အရ ဝိုင်နီဟာ လေဖြတ်တာကြောင့် ဖြစ်တဲ့ ဦးနှောက် ထိခိုက်မှုကို ၄၀
ရာခိုင်နှုန်း လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။ စပျစ်ဝိုင်မှာပါတဲ့
ပရိုအန်သိုဆိုင်ယာနင်ဓာတ်ဟာ သွေးကြောပိတ်တာကို လျော့ကျစေပြီး
သွေးတွင်းကို လက်စထရောအဆင့် လျော့နည်းကာ နှလုံးရောဂါကြောင့် သေဆုံးမှု
မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စပျစ်ဝိုင်ကြောင့် ကောင်းကျိုး ရရှိအောင် ဘယ်လို လုပ်မလဲ

တစ်နေ့ စပျစ်ဝိုင် တစ်ဖန်ခွက်ထက် ပိုပြီး မသောက်ပါနဲ့။


၅။ ချစ်ခြင်းမေတ္တာကို အလေးထားပါ

ချစ်ခြင်းမေတ္တာက အစွမ်းထက် ဆေးတစ်လက် ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကြောင့်
ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်ကို အားကောင်းစေပြီး ကိုယ်ခံစွမ်းအား စနစ်ကို
တိုးမြင့်စေပါတယ်။ ဒါ့အပြင် နှလုံးသွေးကြော ကျန်းမာရေးကို
ကောင်းမွန်စေပါတယ်။ ချစ်ခြင်းကြောင့် အောက်ဆီတိုစင် ဟော်မုန်းတွေကို
ထွက်စေပြီး စိတ်ဖိစီးမှုနဲ့ ပူပင်သောကကို လျော့ကျစေပါတယ်။

ချစ်ခြင်းမေတ္တာ ရရှိအောင် ဘယ်လိုလုပ်သင့်သလဲ

သင့်ဘဝအဖော်နဲ့အတူ မကြာခဏ ချစ်ကြည်နူးမှုကို ရှာဖွေပါ။ ဒါမှမဟုတ်
ပန်းချီဆွဲတာ၊ စာဖတ်တာလို ဝါသနာပါတဲ့ အလုပ်တွေကို အတူတူ
မျှဝေခံစားပေးမယ့် မိတ်ဆွေစစ်ကို ရှာဖွေပါ။



၆။ ယောဂကျင့်ပါ

ယောဂကျင့်တာကြောင့် စွမ်းအင်ပိုမို ရရှိစေပြီး ခန္ဓာကိုယ် အနေအထား
မှန်ကန်ကာ ပျော့ပျောင်းသန်စွမ်း စေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု
ပြေလျော့ပြီး စိတ်ကြည်နူးမှု ရရှိစေပါတယ်။ ဒါကြောင့် ရုပ်ရည်နုပျိုစေတဲ့
ကောင်းကျိုးကို ပေးနိုင်ပါတယ်။ အသက်ရှူရတဲ့ ယောဂကျင့်တာက ဆဲလ်တွေဆီ
အောက်ဆီဂျင် ရောက်ရှိစေပြီး အဆိပ်တွေ ထွက်ရှိစေကာ နာမကျန်းမှု မဖြစ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကို တောက်ပစေနိုင်ပါတယ်။
တခြားလေ့ကျင့်ခန်းတွေနဲ့ မတူတာက ခန္ဓာကိုယ်တွင်း စနစ်တွေကိုလည်း
ကောင်းမွန် စေနိုင်ပါတယ်။

ယောဂကြောင့် အကျိုးကျေးဇူး ရရှိအောင် ဘယ်လိုလုပ်မလဲ

တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ် ယောဂကျင့်ရင် စွမ်းအားတိုးစေပြီး အရိုးထု
သန်စွမ်းကာ စိတ်ဖိစီးမှု ပြေလျော့စေပါတယ်။


၇။ တလည်းသီး သုံးပါ

တလည်းသီးဟာ တခြားသစ်သီးတွေထက် အကျိုးကျေးဇူး ပိုများတယ်လို့ လတ်တလော
လေ့လာမှုတွေက ဆိုပါတယ်။ တလည်းသီး ဖျော်ရည်ဟာ သွေးတွင်း ကိုလက်စထရောနဲ့
သွေးဖိအားကို လျော့ကျစေပြီး သွေးကြောကျဉ်းတာနဲ့ အယ်လ်ဇိုင်းမား ရောဂါတွေ
မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ တလည်းသီးဟာ ကင်ဆာရောဂါ တချို့ကို
မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူ တချို့က ယုံကြည်ကြပါတယ်။
တလည်းသီးဟာ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် အရေပြား ပျက်စီးတာ
မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

တလည်းသီးကြောင့် ကောင်းကျိုးရအောင် ဘာလုပ်သင့်သလဲ

တလည်းသီးဖျော်ရည် သောက်ပါ။ တလည်းသီးနဲ့ လုပ်ထားတဲ့ အိုမင်းမှုတား
မျက်နှာလိမ်းခရင်မ်ဟာ အရေးကြောင်းတွေကို ပြေလျော့စေပြီး ငယ်ရွယ်နုပျို
တင်းရင်းတဲ့ အသားအရေကို ရရှိစေပါတယ်။


၈။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ

လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ရင်သားကင်ဆာ အန္တရာယ်ကို လျော့ကျစေပြီး ဆီးအိတ်၊
အူမကြီးနဲ့ အဆုတ်စတဲ့ နေရာတွေမှာ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
လက်ဖက်စိမ်းဟာ ကင်ဆာဆဲလ် ကြီးထွားမှုကိုလည်း ဟန့်တားနိုင်တယ်လို့
လေ့လာသူတချို့က ဆိုပါတယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တဲ့အပြင်
အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လက်ဖက်စိမ်းကြောင့် ကောင်းကျိုးရအောင် ဘာလုပ်သင့်သလဲ

လက်ဖက်စိမ်းကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်ခန့် သောက်ပေးတာက အကောင်းဆုံး
ကျန်းမာရေး အာနိသင်ကို ရရှိစေနိုင်ပါတယ်။


၉။ အရေပြားကို အားဖြည့်ပါ

ရက်တီနော (Retinol) ဟာ အသားအရေကို ချောမွတ်စေပြီး အရေးကြောင်းတွေ
မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြားကို ပိုးသားလို
နူးညံ့ပျော့ပျောင်းစေကာ နှင်းဆီလို လန်းဆန်း နေစေပါတယ်။ အရေးကြောင်းတွေ
လျော့ကျစေပြီး အသားအရေ တင်းရင်းကာ ချွေးပေါက်တွေ မကျယ်အောင်
ကာကွယ်ပေးနိုင်ပါတယ်။ အိုမင်းမှုတား အလှကုန်မှာ အာရှသစ်ပင်တွေမှာ ပါဝင်တဲ့
Madecassol ဆိုတဲ့ ဓာတ်ပါဝင်ရင် အရေပြားကို ပြည့်တင်းစေကာ အရေးကြောင်းတွေ
လျော့ကျစေပါတယ်။ အရေပြား ဆဲလ်တွေကိုလည်း ရေဓာတ် ပြည့်ဝစေပါတယ်။

ဘယ်လို လိမ်းရမလဲ

ရက်တီနောပါတဲ့ အရေပြားလိမ်း ခရင်မ်ကို လိမ်းပါ။ ညဘက်မှာ နေကာနိုင်စွမ်း
မပါတဲ့ ရက်တီနော ခရင်မ်လိမ်းပါ။ ဗီတာမင်စီပါတဲ့ ခရင်မ်ကို
လိမ်းပေးရင်လည်း ကော်လာဂျင် ကြီးထွားစေပြီး အရေပြား တင်းရင်းလှပစေပါတယ်။
နေ့စဉ်ခရမ်းလွန် ရောင်ခြည် အေနဲ့ ဘီကို ကာကွယ်နိုင်မယ့် နေကာခရင်မ်
လိမ်းပေးပါ။


၁၀။ ဦးနှောက်ဆိုင်ရာ လေ့ကျင့်ခန်း လုပ်ဆောင်ပါ

အမေရိကန်ဆေးပညာ အဖွဲ့အစည်းရဲ့ လေ့လာမှု တစ်ရပ်အရ ဦးနှောက်
လေ့ကျင့်ခန်းတွေ လုပ်တာက တွေးခေါ် မြော်မြင်မှုကို ကောင်းစေတယ်လို့
သိရပါတယ်။

ဦးနှောက်စွမ်းအား မြင့်တက်စေရန် ဘာလုပ်သင့်သလဲ

ဦးနှောက် လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဆူဒိုကု လေ့ကျင့်ခန်း၊ စကားလုံးဆက်တဲ့
လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးပါ။ ကိန်းဂဏန်းတွေ၊ စကားလုံးတွေ သုံးပြီး
လေ့ကျင့်ခန်း လုပ်ပေးတာက ဦးနှောက်ကို ကျန်းမာစေပါတယ်။

(forward mail)


Tuesday, November 1, 2011

သဘာဝရဲ့ အာဟာရ

         
         အခုခေတ်မှာ အားဆေးမျိုးစုံ ရေပန်းစားလာတယ်နော်။ ကိုယ်ခံအားကောင်းစေတဲ့ Vit C  အားဆေး၊ အရိုးခိုင်မာစေတဲ့ ကယ်စီရမ် အများကြီးပါပဲ။ ဒါပေမယ့် ချစ်စရာအရမ်းကောင်းတဲ့ လောကကြီးက အားဆေးမလိုအောင် ဖန်တီးထားပြီးသားပါ။ အားဆေးတွေ ဘယ်လောက်ကောင်းကောင်း သဘာဝအစားအစာတွေကို မမှီပါဘူး။ သင်တို့လိုအပ်နေတဲ့ အာဟာရဓာတ်တွေကို လောကကြီးရဲ့ ရတနာ ဘယ်အစားအစာတွေက ရနိုင်တယ်ဆိုတာ လေ့လာရအောင်နော်။





Vit A

အ၀ါရောင်အသီးများ (သရက်သီး၊ သဘောင်္သီး၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ မုန်လာဥ၀ါ၊ ခရမ်းချဉ်သီး)၊ ဆလတ်ရွက်၊ ဒန့်သလွန်ရွက်၊ ဆူးပုတ်ရွက်၊ ဗူးညွန့်၊ အသည်း၊ ထောပတ်၊ ဥအနှစ်။



Vit D

ငါးကြီးဆီ၊ ငါး၊ နို့၊ ထောပတ်၊ ချိစ်။



Vit E

အစိမ်းရောင်ဟင်းရွက်များ၊ နေကြာစေ့၊ ပြောင်းဖူး၊ အခွံမာအသီးများ၊ ဂျုံ၊ ဟင်းသီးဟင်းရွက်ဆီများ (သံလွင်ဆီ)။


Vit K

အစိမ်းရင့်ရောင်အရွက်များ (ဟင်းနုနွယ်)၊ ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ပဲ၊  ဥအနှစ်၊ အသည်း၊ ငပိ။



Vit C

ရှောက်သီး၊ သံပရာသီး၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီစိမ်း၊ ဇီးဖြူသီး၊ ဖန်ခါးသီး၊ သရက်ဖူး၊ ဇောင်းရမ်းသီး၊ မာလကာသီး၊ စပျစ်သီး။



Vit B1 ( Thiamine ) 

ဆန်လုံးညို၊ အသည်း၊ ကျောက်ကပ်၊ ၀က်သား၊ အခွံမာသီးများ။


B2 ( Riboflavin )

ကလီစာများ၊ ဥအနှစ်၊ ပဲဇင်းငုံ၊ ပဲထောပတ်၊ တဆေး။


B3 ( Niacin ) 

တဆေး၊ အသား၊ ငါး၊ ပဲပိစပ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ။


Vit B6 ( Pyridoxine ) 

တဆေး၊ ဂျူံစပါး၊ ပြောင်း၊ အသည်း၊ ဥအနှစ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ငှက်ပျောသီး။



Folic acid 

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ တဆေး၊ အသည်း၊ ကျောက်ကပ်။



Vit B12 ( Cobalamin )

အသီးအရွက်တွေမှာ မပါဝင်ပါ။ အသည်း၊ ကျောက်ကပ်၊ အသား၊ နို့၊ ဥအမျိုးမျိုး စတဲ့ တိရိစ္ဆာန်ထွက် အစားအစာတွေမှာသာ ပါဝင်ပါတယ်။



Vit B5 ( Pantothenic acid )

အစားအစာအများစုမှာ ပါဝင်ပါတယ်။ အသားတွေမှာ ပိုပြီးကြွယ်ဝစွာ ပါဝင်ပါတယ်။ ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုးမှာလည်း ကြွယ်ဝစွာပါဝင်ပါတယ်။


Biotin

ကောက်ပဲသီးနှံ၊ အသည်း၊ ဥအနှစ်၊ အသား၊ ငါး။



Calcium

နို့၊ ချိစ်၊ ဥနှစ်၊ အခွံမာသီးများ၊ ပဲ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်။



Magnesium 

အစိမ်းရောင်အသီးအရွက်များ၊ နို့၊ ဥအမျိုးမျိုး၊ သစ်သီးများ။



Sodium

ဆား၊ ပေါင်မုန့်၊ ချိစ်၊ ပင်လယ်စာများ၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ အခွံမာသီးများ၊ ဥအမျိုးမျိုး၊ နို့။


Potassium

ကြက်သား၊ အမဲအသည်း၊ ငှက်ပျောသီး၊ လိမ္မော်သီးဖျော်ရည်၊ နာနတ်သီး၊ အာလူး၊ ဗူး၊ ဖရုံ၊ ဖရဲ။


Iron

အသား၊ ကလီစာ၊ ဥအနှစ်၊ ငါး၊ အစိမ်းရင့်ရောင်အရွက်များ (ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ဗူးညွန့်)။


Iodine

အိုင်အိုဒင်းဆား၊ ပင်လယ်ရေမှော်၊ ငါး။


Zinc

အသား၊ အသည်း၊ ဥအမျိုးမျိုး၊ နို့၊ ကနုကမာ၊ နှံစားသီးနှံများ။


(Myanmar Sky Link မှ ကူးယူဖော်ပြသည်)




အသားအရေအတွက် သက်စောင့်ဗီတာမင်လေးများ


       
           ဗီတာမင်တွေဟာ ကျန်းမာတဲ့အသားအရေအတွက် အသက်ပဲနော်။ သင်စားတဲ့ အစားအစာထဲမှာ လုံလောက်တဲ့ဗီတာမင်ဓာတ်တွေ မပါဘူးဆိုရင် သင့်အသားအရေဟာ အရာင်အဆင်းကင်းမဲ့ပြီး အသက်မဲ့နေသလို     ဖြစ်နေမှာပါ။              ပြီးတော့ ဗီတာမင်တွေ ချို့တဲ့လို့ အရေပြား ပြဿနာတွေလည်း
ဖြစ်နိုင်သေးတယ်လေ။ ဒါကြောင့် ကျန်းမာလှပပြီး စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ချင်ရင်  နေ့တိုင်းစားနေတဲ့ အစားအစာတွေထဲမှာ ဗီတာမင်တွေက လုံလောက်စွာပါဝင်ဖို့ လိုတာပေါ့။ ညွန်းလှချည်လားလို့ မတွေးလိုက်ပါနဲ့။ ဘယ်ဗီတာမင်က သင့်အသားအရေကို ဘယ်လိုအကျိုးပြုတယ် ဘယ်လိုလှပစေတယ် ဆိုတာကို သိသွားရင် အဲ့ဒီဗီတာမင်တွေကို အရေပြားထဲ ချက်ချင်းထိုးသွင်းချင်စိတ်တောင် ပေါက်သွားမယ်နော်။


Vitamin A

- အရေပြားနဲ့ ခန္ဓာကိုယ်ရဲ့ကျန်းမာမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်လေးပေါ့။
- ဗီတာမင်အေဟာ အရေပြားရဲ့ကြံ့ခိုင်မှုကို ပေးစွမ်းသလို တစ်ရှုးတွေကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
- အရေပြားကို အစိုဓာတ်ပေးစွမ်းနိုင်လို့ အသားအရေစိုပြေတောက်ပစေတယ်လေ။
- ပြီးတော့ အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင်နဲ့ ဆန့်ကျုံ့သတ္တိရှိတဲ့ Elastin တွေ ထုတ်လုပ်မှုကို    အားပေးတော့ အရေးအကြောင်းတွေမဖြစ်အောင်၊ နည်းအောင်ကာကွယ်ပေးသေးတယ်။
- အရေပြားက အဆီထုတ်လုပ်မှုကို ထိန်းချုပ်ပေးသလို ၀က်ခြံမထွက်အောင်လည်း ကာကွယ်ပေးပါသေးတယ်။
- ဒါကြောင့် ၀က်ခြံအရမ်းထွက်တဲ့သူတွေဟာ ဗီတာမင်အေချို့တဲ့နေလားဆိုတာ ဆန်းစစ်ကြည့်ဖို့လိုတယ်နော်။


Vitamin E

- Vit E ဟာ ဓာတ်တိုးပစ္စည်းတွေကြောင့် အရေပြားကိုထိခိုက်မှုမရှိအောင် ကာကွယ်ပေးတဲ့ အစွမ်းထက်ကိုယ်ရံတော်လေးပေါ့။
- သင့်အသားအရေဟာ နေဒဏ် ပြီးတော့ တခြားအကြောင်းတွေကြောင့်ထိခိုက်ပြီး ဒဏ်ဖြစ်နေမယ်ဆိုရင်တော့ အသားအရေပြန်လည်ကောင်းမွန်လာဖို့ vit E က အစွမ်းကုန်ကူညီပေးပါလိမ့်မယ်။
- ပြီးတော့ ခြောက်သွေ့တဲ့အသားအရေကို အစိုဓာတ်ဖြည့်ပေးတဲ့နေရာမှာလည်း Vit E က ဆရာကြီးပဲလေ။


Vitamin C

- Vit C ဟာ အရေပြားရဲ့ အရမ်းအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလို့တောင် ပြောလို့ရတယ်နော်။
- အရေပြားရဲ့ ပြန်လည်ရှင်သန်နုပျိုခြင်းကို တာဝန်ယူပေးတဲ့ ကယ်တင်ရှင်လေးပါ။
- အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုနဲ့ အရေပြားအသစ်ဖြစ်ပေါ်မှုကို အားပေးတယ်။
- ပြီးတော့ အနာကျက်မြန်စေသလို ကိုယ်ခံအားကိုလည်း မြင့်တက်စေလို့ တော်ရုံရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးသေးတယ်နော်။


Vitamin D

- ရောင်ခြယ်ပစ္စည်းတွေ စုပုံပြီး အရေပြားမှာ ပုံမမှန်တဲ့အရောင်တွေ ဖြစ်မလာအောင်ကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင်ဗီတာမင်လေးပါ။


Vitamin B

- Vit B တစ်ခုထဲနဲ့တင် တော်တော်အလုပ်ဖြစ်နေပြီသိလား??
- Vit B အုပ်စုမှာ အမျိုးကွဲတွေ အများကြီးရှိတာကိုး။ :P
- ဒါပေမယ့် Vit B ကိုသာ စုံအောင်စားပါ။
- Vit B လေးတွေက စိတ်ထောင်းကိုယ်ကြေမဖြစ်အောင် တာဝန်ယူပေးမှာပါ။
- စိတ်ဖိစီးမှုကိုလျှော့ကျစေပြီး စိတ်ဓာတ်ကျခြင်းကိုလည်း သက်သာစေတယ်။
- ဒါကြောင့် စိတ်ဖိစီးမှုကြောင့် ၀က်ခြံတွေထွက်တာနဲ့ အရေးအကြောင်းတွေမဖြစ်အောင်လည်း ကာကွယ်ပေးတာပေါ့။
- ပြီးတော့ အရေပြားအပြင် ဆံပင်နဲ့ လက်သည်းတွေကိုလည်း ကြံ့ခိုင်သန်စွမ်းစေတယ်။
- ဆံပင်ရှည်ထွက်ခြင်းကို အားပေးတယ်။
- ဆံပင်ကျွတ်တာကို သက်သာစေတယ်။
- အရေပြားကိုလည်း အစိုဓာတ်တွေ ဖြည့်ပေးတယ်။
- ဒါကြောင့် သင့်အလှအတွက် ဘက်စုံရ Vit B လေးတွေကို အားကိုးလိုက်နော်။


Vitamin K

- Vit K က မျက်ကွင်းညိုတာနဲ့ မျက်လုံးဖောင်းအစ်တာကို သက်သာစေတယ်လေ။
- ပြီးတော့ နောက်ဆုံးတွေ့ရှိချက်တွေမှာ Vit K က အရေးအကြောင်းတွေဖြစ်ပြီး အရွယ်မတိုင်ခင်အိုမင်းတာကိုလည်း ကာကွယ်ပေးပါသေးတယ်တဲ့။


Zinc

- ဇင့်ကတော့ သတ္တုဓာတ်တစ်မျိုးပေါ့။
- အရေပြားက အဆီအလွန်အကျွံထုတ်လုပ်မှုကို ရပ်တန့်စေတယ်။
- အနာကျက်မြန်စေတယ်။ ၀က်ခြံကို မြန်မြန်ပျောက်ကင်းစေတယ်။
- ပြီးတော့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကောင်းမွန်အောင်လည်း အများကြီးကူညီပေးသေးတယ်။
- ဇင့်ကလည်း အရေပြားကို တော်တော်ကောင်းကျိုးပြုတဲ့ အဖော်မွန်လေးပဲနော်။

             စီးပွားရေးလုပ်ငန်းရှင်တွေက ဒီအချက်တွေကိုသိလို့ ဒီဗီတာမင်တွေနဲ့ အသားအရည်လှစေတဲ့ လိမ်းဆေးတွေ သောက်ဆေးတွေ ထုတ်နေတာပေါ့။ တကယ်လို့ သင်တို့သာ နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ လုံလောက်စွာစားမယ်ဆိုရင် အဲ့ဒီလိမ်းဆေး၊ သောက်ဆေးတွေထက်ပိုပြီး အသားအရည်ကိုလှစေမှာ အမှန်ပဲနော်။ လိမ်းဆေး သောက်ဆေးတွေကို ဈေးကြီးပေးပြီး ၀ယ်စရာလည်း မလိုဘူးလေ။
             တစ်ခုသတိပေးချင်တာက အထူးသဖြင့် စိတ်မြန်သူတွေပေါ့.. ဗီတာမင်တွေရဲ့ အကျိုးကို အမြန်ရအောင်ဆိုပြီး ဗီတာမင်အားဆေးတွေ ဇွတ်မသောက်နဲ့နော်။ :D  “တန်ဆေး လွန်ဘေး” ပါ။ အရမ်းနဲရင် မကောင်းသလို အရမ်းများရင်လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်လေ။ ပြီးတော့ ခုရေတွင်းတူးပြီး ခုရေကြည်သောက်လို့ ဘယ်ရမလဲ။ နေ့တိုင်းစားနေတဲ့ အစားအစာတွေထဲမှာသာ ဗီတာမင်စုံအောင်စားပါ။ တဖြည်းဖြည်းနဲ့ သင့်အသားအရေဟာ လှပပြီးစိုပြေလာမယ့်အပြင် ကျန်းမာရေးလည်း ပိုကောင်းလာမှာ သေချာတယ်နော်။ အဲ့ဒီဗီတာမင်တွေကို ဘယ်အစားအစာတွေကနေ ရနိုင်တယ်ဆိုတာကို သဘာဝရဲ့ အာဟာရ မှာ ဖတ်ကြည့်လိုက်ပါနော်..။

(Myanmar Sky Link မှ ကူးယူဖော်ပြသည်)


ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ် အမဲစက်တွေအတွက်


ဆယ်ကျော်သက်တွေနဲ့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကို အများဆုံး ဒုက္ခပေးနေတဲ့ ပြဿနာပေါ့။ ရင်နှင်းကိုယ်တိုင်လည်း အသားအရေ မကောင်းတော့ သူငယ်ချင်းတို့အတွက်ရော ရင်နှင်းအတွက်ရော အားလုံးအတွက် အဆင်ပြေမယ့် နည်းလေးတွေကို ကြိုးစားပမ်းစား ရှာထားပါတယ်။ သူငယ်ချင်းတို့အတွက် နဲနဲပဲဖြစ်ဖြစ် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ပိုကောင်းတဲ့နည်းလေးတွေ တွေ့ရင်လည်း ပို့စ်တင်ပေးပါအုံးမယ်။ လောလောဆယ်တော့ အောက်ကနည်းတွေကို စမ်းကြည့်ပါအုံးနော် သူငယ်ချင်းတို့။


ဝက်ခြံက စပေါ်လာတဲ့အချိန်ထဲက လူကို စိတ်အနှောင့်ယှက်ပေးတယ်။ ပျောက်သွားရင်လည်း အမာရွတ်တွေကျန်ခဲ့ရော။ အလှအပကြိုက်တဲ့သူတွေအတွက်တော့ မဟာရန်သူတော်ကြီးပေါ့။ ၀က်ခြံအဖုက ပေါ်တာခဏပဲ။ ကျန်ခဲ့အမာရွတ်တွေက နှစ်ရှည်လများ စိတ်ဒုက္ခပေးတော့တာ။ အဲ့ဒီတော့ အဲဒီအမာရွတ်တွေကို ကြိုးစားပမ်းစား ရှင်းပစ်ကြရအောင်နော်။
တစ်ခုပြောပြချင်တာကတော့ အောက်ကနည်းတွေက အရမ်းဆိုးတဲ့အမာရွတ်တွေအတွက်တော့ မရဘူးနော်။ ပြီးတော့ ၀က်ခြံက ပိုးဝင်ရောင်ရမ်းနေရင်လည်း မလုပ်သင့်ဘူးလေ။ ဒါကြောင့် အရမ်းဆိုးတဲ့ အမာရွတ်တွေရှိရင် ၀က်ခြံတွေကပိုးဝင်ရောင်ရမ်းနေရင်တော့ အရေပြားအထူးကုဆရာဝန်ကြီးတွေကိုပဲ အားကိုးရမှာပါ သူငယ်ချင်းတို့။


                             ရှောက်၊ သံပုရာရည်၊ သံပုယို

      
   သံပုရာသီးကတော့ အရေပြားရဲ့အနာအဆာတွေကို ဖယ်ရှားပေးတဲ့နေရာမှာ ဆရာကြီးပဲလေ။ သံပုရာရည်က Citric Acid ဟာ အရေပြားကိုနုပျိုစေတဲ့ Alpha Hydroxy Acids (AHA) နွယ်ဝင်ပေါ့။ AHA ဟာ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးတယ်။ ဆဲလ်သစ်တွေဖြစ်ပေါ်တာကို အားပေးတယ်။ အရေပြားရဲ့ ကျုံဆန့်နိုင်တဲ့သတ္တိကို ပြန်လည်ရရှိစေပြီး အမာရွတ်ကိုလည်း ဖျော့သွားစေတာကြောင့် ၀က်ခြံအမာရွတ်တွေအတွက်တော့ အရမ်းအသုံးဝင်တယ်လေ။ အဲ့ဒီတော့ သံပုရာရည်လေးကို အမာရွတ်ပေါ်တို့ထားပြီးခဏနေရင် ရေဆေးချလိုက်နော်။ တချို့ကလည်း သံပုရာရည်ကို ညမအိပ်ခင် အမာရွတ်ပေါ်လိမ်းပြီး အိပ်နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အရမ်းနုတဲ့ အသားအရေတွေတော့ အဲလိုမလုပ်သင့်ဘူးထင်တာပဲ။

စန္ဒကူး

       စန္ဒကူးကလည်း ၀က်ခြံအမာရွတ်တွေကို ပျောက်ကင်းစေတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် စန္ဒကူးကို နှင်းဆီရည်နဲ့ ရောပေးရမှာပါ။ ၂ခုရောပြီး အနှစ်ပျစ်ပျစ်လေးဖြစ်လာတဲ့အခါ လိမ်းအိပ်လိုက်ပါ။ မနက်နိုးရင် မျက်နှာသစ်လိုက်ပေါ့။ အမာရွတ်တွေ ပျောက်ကင်းသွားတဲ့အထိ လုပ်ပေးရမှာပါ။


ခရမ်းချဉ်သီး

         ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး အမာရွတ်တွေပေါ် ပွတ်ပေးပါတဲ့။ ခရမ်းချဉ်သီးမှာVitamin A တွေ အများကြီးပါတယ်လေ။ Vitamin A က ၀က်ခြံထွက်တာကို လျှော့နည်းစေတယ်။ အသားအရေကို လန်းဆန်းစေတယ်။အမာရွတ်တွေနဲ့အသားအရေပျက်စီးတာတွေကိုလည်း ပျောက်ကင်းသက်သာစေတယ်လေ။


သံလွင်ဆီ

  သံလွင်ဆီက စားစရာတွေကို ပိုပြီးအရသာရှိစေသလို သင့်ကိုပိုလှလာအောင်လည်း စွမ်းဆောင်ပေးနိုင်တယ်နော်။ သံလွင်ဆီကို အမာရွတ်ပေါ်လူးပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီက အစိုဓာတ်ကို ဖြည့်ဆည်းပေးပြီး အသားအရေကိုနူးညံ့စေလို့ အမာရွတ်တွေကို မသိသာစေတော့ဘူးပေါ့။


ပျားရည်


ပျားရည်ကို သောက်မယ်၊ ပျားရည်နဲ့ မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် ပျားရည်ရဲ့အစိုဓာတ်ဖြည့်ပေးတဲ့အစွမ်းကြောင့် ၀က်ခြံအမာရွတ်တွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လေ။ ပျားရည်က ဒီလောက်စားလို့ကောင်းတာ၊ အသားလည်းလှစေတယ်ဆိုတော့ စမ်းကြည့်သင့်တယ်နော်။


Vitamin E

Vit E က အသားကိုလှစေတာ လူတိုင်းသိတယ်ဟုတ်?? Vit E က ၀က်ခြံအမာရွတ်မှ မဟုတ်ဘူးနော်။ အမာရွတ်တိုင်းကို သက်သာပျောက်ကင်းစေနိုင်တယ်လေ။ ကလေးမွေးပြီးလို့ ဗိုက်ကြောပြတ် ကျန်ခဲ့သူတွေအတွက်လည်း အသုံးဝင်ပါသေးတယ်။ ၀က်ခြံအမာရွတ်တွေအတွက်တော့ တော်တော်စွမ်းတယ်ဆိုပဲ။ Vit E အဆီလေးကို ၀က်ခြံအမာရွတ်တွေပေါ် သေချာစိမ့်ဝင်သွားအောင် လိမ်းပေးပါ။ အမာရွတ်တွေ တဖြည်းဖြည်းသက်သာလာပြီး သိပ်မဆိုးတဲ့ အမာရွတ်တွေဆိုရင် အချိန်တိုအတွင်းမှာ လုံးဝသက်သာပျောက်ကင်းစေနိုင်တယ်ဆိုတော့ သူ့အစွမ်းကအံ့မခန်းပါပဲနော်။

နည်းတွေကတော့ အများကြီးပါပဲ သူငယ်ချင်းတို့ရေ။ ကိုယ်နဲ့ အဆင်ပြေနိုင်တာလေး ရွေးလုပ်ကြည့်ပေါ့။ အားလုံးကတော့ သူ့ဟာနဲ့သူ အစွမ်းထက်မှာပါ။ တခုပဲ .. စိတ်ရှည်ဖို့ပဲ လိုတယ်နော်။ အမာရွတ်တွေကို လုံးဝပျောက်ကင်းစေတယ်ဆိုတဲ့ ကမ္ဘာကျော်ထုတ်ကုန်တွေတောင် တရက်ကို ၃ - ၄ ကြိမ် လိမ်းရပေမယ့် အနည်းဆုံး ၆ လ လောက်နေမှ အမာရွတ်တွေပျောက်တာ ဆိုတော့လေ။ အဲဒီတော့ ကိုယ်လှဖို့ပဲ သယ်ရင်းတို့ရယ် စိတ်ရှည်ရှည်နဲ့ ကြိုးစားလိုက်ကြစို့နော်။

(Myanmar Sky Link မှ ကူးယူဖော်ပြသည်)

အရေပြားအထူးကုဆရာဝန်ကြီးများ ပြောသော လှပမှုဆိုင်ရာ လျှို့ဝှက်ချက်များ

အရေပြားဆိုင်ရာကျွမ်းကျင်သူ အထူးကုဆရာဝန်ကြီးတွေဟာ အရေပြားရဲ့အကြောင်းနဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကို အသိဆုံးသူတွေပဲနော်။ ဒါကြောင့် သူတို့ရဲ့ လှပမှုအကြံပေးချက်တွေ သတိပေးချက်တွေက သင့်အတွက် အမှန်တကယ် အကျိုးရှိစေမှာပါ။ သင်တို့ သိပြီးသားလေးတွေပါ။ ဒါပေမယ့် သတိပြုလိုက်နာနိုင်အောင် ပြောပြပေးမယ်နော်။



 

Sports

       အားကစားနဲ့ တက်ကြွတဲ့လူနေမှုပုံစံကို Miani က အရေပြားအထူးကုဆရာဝန်ကြီး Gracy Goldfaden က အကြံပေးထားပါတယ်။ ခန္ဓာကိုယ်က တက်ကြွလှုပ်ရှားနေတော့ တစ်ကိုယ်လုံးကို သွေးလည်ပတ်မှုကောင်းစေတာပေါ့။ အဲ့ဒီတော့ အရေပြားကို လိုအပ်တဲ့သွေးပမာဏတွေ အမြဲလှည့်ပတ်စီးဆင်းနေပြီး အရေပြားရဲ့လိုအပ်တဲ့ အာဟာရတွေ အမြဲရနေတော့ အသားအရေဟာလည်း လှပနေတာပေါ့။


Consider Food

       Dr. Goldfaden က တစ်ခု သတိပေးထားပါသေးတယ်။ ဒီအချက်လေးကိုတော့ သူငယ်ချင်းတို့ သိပ်သိအုံးမှာ မဟုတ်ဘူးနော်။ အငန်နဲ့ အချိုတွေကို စားတာများတဲ့အခါ ဆားဓာတ်နဲ့ သကြားဓာတ်တွေဟာ ကော်လာဂျင်တွေမှာသွားကပ်နေပြီး ကော်လာဂျင်တွေကို  မြန်မြန် ပျက်စီးစေ ပါတယ်။  ကော်လာဂျင်ဟာ အသားအရေတင်းရင်းပြီး နုပျိုစေလို့ ကော်လာဂျင်တွေကို ထိခိုက်ပျက်စီးစေတဲ့ အချိုတွေ အငန်တွေကို ဝေးဝေးက ရှောင်ကြပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို များများစားကြစို့ သူငယ်ချင်းတို့ရေ..။


Realx

       မျက်မှောင်ကျုံ့ မျက်နှာကြီးတင်းနေမယ်တိုရင်တော့ မျက်နှာနဲ့လည်ပင်းမှာ အရေးအကြောင်းတွေ ထင်ထင်ရှားရှားကြီးကိုပေါ်နေတော့မှာပဲ။ အဲ့ဒီတော့ အလုပ်ကို အာရုံစိုက်နေရတဲ့အချိန်ဖြစ်ဖြစ်၊ တစ်ခုခုကို အလိုမကျတာပဲဖြစ်ဖြစ် ဘယ်လိုအချိန်ဖြစ်ဖြစ်ပါ…. မျက်နှာနဲ့လည်ပင်းတွေက ကြွက်သားတွေ တင်းမနေစေဘဲ ပြေလျော့နေအောင်သတိထားရမယ်နော်။ မဟုတ်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းတွေပေါ်ပြီး ဦးဦး ဒေါ်ဒေါ် အခေါ်ခံနေရမယ်နော်။ ဒါကတော့ Miami နဲ့ New York က အရေပြားကျွမ်းကျင်ပညာရှင် Frederic Brandt ရဲ့ သတိပေးချက်ပါပဲ။



Seat Location

      Dr. Brandt က သတိပေးထားပါသေးတယ်။ ပြတင်းပေါက်တွေနဲ့ ဝေးဝေးမှာထိုင်ပါတဲ့။ လူတွေက အပြင်ရောက်နေချိန်မှာ နေရောင်ကာကွယ်ဖို့ ထီးဆောင်းတတ်ကြတယ်လေ။ ဒါပေမယ့် အိမ်ထဲမှာ၊ ကားထဲမှာဆိုရင် လုံခြုံပြီလို့ ထင်တတ်ကြတာကိုး။ ပြတင်းပေါက်မှန်ကို ဖြတ်လာတဲ့ နေရောင်ခြည်ဟာ သင့်အသားအရေကို ပိုထိခိုက်စေနိုင်ပါတယ်တဲ့။ ကားနဲ့ သွားလာနေရတာများတဲ့သူတွေဆိုရင်လည်း ကားပြတင်းပေါက်နား ကပ်မထိုင်နဲ့နော်။ တကယ်တော့ Dr ပြောချင်တာက နေရောင်ခြည်ဒဏ်က တတ်နိုင်သလောက် ကာကွယ်ဖို့ပါ။ နေရောင်ခြည်ကြောင့် အသားအရေနေလောင်ပြီး ညိုမည်းနိုင်တဲ့အပြင် ၀က်ခြံ၊ တင်းတိတ်နဲ့ အရေးအကြောင်းတွေလည်း ဖြစ်စေနိုင်တယ်လေ။ အဲဒီတော့ ပြတင်းပေါက်က နေရောင်ကိုလည်း ကာကွယ်ပါ။ အပြင်သွားမယ်ဆိုရင်လည်း နေရောင်ကာလိမ်းဆေး၊ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စတဲ့ လက်နက်တွေ အပြည့်အစုံပါမှ သွားပေတော့နော်။


Watch the Sun

      Dr. Brandt နဲ့ အမြင်ချင်းတူသူကတော့ San Francisco က Kathy Fields ဖြစ်ပါတယ်။ အထူးသဖြင့် မနက် ၁၀ နာရီနဲ့ ညနေ ၄ နာရီ အတွင်းမှာ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့မိပါစေနဲ့လို့ သတိပေးထားပါတယ်နော်။



Sleep Enough

      ညတိုင်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ရေး၀၀အိပ်ပါတဲ့။ ဒါမှ ဆဲလ်တွေရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို အားပေးတဲ့ Growth Hormone ဟာ လုံလောက်စွာထွက်ရှိနိုင်မှာပါ။ ဒါမှသာ သူငယ်ချင်းရဲ့အသားအရေလေးက တင်းရင်းပြီး လှပလန်းဆန်းနေမှာလေ။ Dr. Brandt က ပြောပြထားတာပါ။ ညတိုင်း ၁၁ နာရီမထိုးခင် အိပ်ရာဝင်ဖို့ သူကတိုက်တွန်းထားပါသေးတယ်။ 


Avoid Smoking

      ဆေးလိပ်က ခန္ဓာကိုယ်အတွက် မကောင်းဘူးဆိုတာကို လူတိုင်းသိတယ်နော်။ နုနယ်တဲ့ အရေပြားလေးတွေအတွက်တော့ ပိုဆိုးပြီပေါ့။ ဆေးလိပ်က ဓာတုပစ္စည်းတွေက အရေပြားကို သွေးသွားတာကို နှောင့်ယှက်တယ်လေ။ အဲဒီတော့ အရေပြားက လိုအပ်တဲ့အာဟာရလေးတွေ ဘယ်ရတော့မလဲနော့။ ဒီတော့ အရေပြားလေးက တောက်ပစိုပြေမှုမရှိတော့ပဲ မလှမပဖြစ်ရပြီပေါ့။ အရေပြားအတွက် လုံလောက်တဲ့ အောက်ဆီဂျင်လည်း မရတော့ အရေးအကြောင်းတွေပေါ်ပြီး ရှိရင်းစွဲအသက်ထက် ပိုကြီးရပြီပေါ့။ ဒါကြောင့် Houston က Paul M. Friedman က အကြံပေးထားပါတယ်။ ဆေးလိပ်နဲ့ အဝေးဆုံးမှာ နေပါတဲ့။ ကိုယ်တိုင်လည်း မသောက်နဲ့။ တခြားသူသောက်တဲ့ ဆေးလိပ်ငွေ့ကို ရူမိရင်လည်း တူတူပဲဆိုတော့ ဆေးလိပ်ငွေ့ဆိုရင် ဝေးဝေးကသာ ရှောင်ကြနော်။


Hold Yourself

      မျက်နှာကို မကုတ်ဖဲ့မိအောင် ထိန်းပါ။ အရမ်းနုနယ်တဲ့ မျက်နှာအရေပြားလေးကို ကုတ်ဖဲ့မိမယ်ဆိုရင် အနာဖြစ်ပြီး အမာရွတ်တွေကျန်ခဲ့မှာပေါ့။ ဒါကလည်း သတိထားစရာပါပဲ။ New York က Heidi Waldorf ပြောပြတဲ့ သတိပေးချက်လေးပါနော်။

 
      တကယ်က အရေပြားအထူးကုဆရာဝန်ကြီးတွေ ပြောပြတဲ့ အကြံပေးချက်တွေ သတိပေးချက်တွေက အားလုံးသိပြီးသားလေးတွေပဲနော်။ ဒါပေမယ့် သတိထားလိုက်နာမိသူ နဲမယ်ထင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့ သေချာဂရုစိုက်လိုက်နာနိုင်အောင် သတိပေးလိုက်တာပါ။ ရင်နှင်းရဲ့ သူငယ်ချင်းလေးတွေ အမြဲလှပပျော်ရွှင်နေပါစေရှင်..။

(Myanmar Sky Link မှ ကူးယူဖော်ပြသည်)

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥

♥ Love Poem ♥