Pages

Showing posts with label ညီမလေးအတွက် စာစုများ. Show all posts
Showing posts with label ညီမလေးအတွက် စာစုများ. Show all posts

Monday, April 16, 2012

ညီမလေး.. မင်းအတွက်


အသဲကွဲရင်း မင်းလမ်းလျှောက်တဲ့အခါ .. ခလုတ်တိုက်ရင်း တလိုက်တဲ့ “အမေ့” ကို မင်းသတိပြုမိရဲ့လား..
(မေမေပေးတဲ့ခြေအစုံကို မင်းဂရုစိုက်သင့်တယ်)

အသဲကွဲရင်း မင်း ၀ိုင်နှစ်ခွက် မော့တဲ့အခါ.. မင်းလက်တွေတုန်နေတာကို သတိပြုမိရဲ့လား..
(မေမေပေးတဲ့လက်တစ်စုံကို မင်းတန်ဖိုးထားသင့်တယ်)

အသဲကွဲရင်း  မင်းအားပါးတရ ငိုကြွေးတဲ့အခါ.. မင်းနှလုံးသားတို့နာကျင်တာကို သတိပြုမိရဲ့လား..
(မေမေပေးတဲ့နှလုံးသားတစ်စုံကို မင်းမနှိပ်စက်မိစေနဲ့လေ)

အသဲကွဲရင်း.. အသဲကွဲကြောင်း အော်ရင်း.. အသဲကွဲခဲ့တယ်လို့တွေးမိတဲ့ အဖြစ်စဉ်းစားရင်း..  အပိုတွေနဲ့ ရူးသွပ်နေတာကို မင်းသတိပြုပြီး ရပ်ပါတော့..
(မေမေပေးတဲ့အသည်းက တစ်စုံထက်ပိုပြီး မင်းမှာ အပိုပါမလာခဲ့ဘူးမဟုတ်လား)

ဘာဖြစ်ဖြစ်.. မင်းရဲ့အနာဂါတ်ကို အသဲကွဲခြင်းနှင့်မစလိုက်နဲ့။
မနက်ဖြန်တိုင်းမှာ မင်းအပြုံးတွေကို မင်းမေမေနဲ့အတူ မျှော်လင့်လင့်နေတဲ့သူတွေရှိတယ်။

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥

♥ Love Poem ♥