skip to main |
skip to sidebar
အငွေ့ဖြစ်သွားတဲ့ အိမ်မက်
နှလုံးသားထက် နွေးပြီးတက်လာတဲ့
ဒီရေတွေ အေးခဲသွားတဲ့ခဏ
ငါ မြင်ခဲ့ဖူးတဲ့ နှင်းကို
သတိရမိလို့ .. .. ..
ကောင်းကင်ပြင်ထက် လင်းပြီးလက်ဖြာတဲ့
ကြယ်စင်တွေ စုံတဲ့ခဏ
ငါ ရှုံးခဲ့ဖူးတဲ့ အပြုံးကို
တမ်းတမိလို့ .. .. ..
စာရွက်ဖြူထက် ရေးပြီးဖျက်ခဲ့တဲ့
ကဗျာတွေ ကမ္ဘာပျက်တဲ့ခဏ
ငါ ဖက်တွယ်ဖူးတဲ့ အိမ်မက်ကို
လွမ်းဆွတ်မိလို့ .. .. ..။
(တပို့တွဲလပြည့်တစ်ည - < 7-2-2011 > - 12:00 PM)
No comments:
Post a Comment
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..