Pages

Monday, August 26, 2013

မိုးလေပြင်းနှင့် ပျို့သက်ပြင်း




 မှုန်ပြာရီမှိုင်းညှို့ညှို့
မိုးရိပ်တွေဖွဲ့လို့ဆင်
ကောင်းကင်တစ်ခွင်နှင်ဟဲ့
ရက်စက်တဲ့ လေလွင်ပြင်
တိမ်တွေပင် ကြောက်ကာပုန်းတယ်
မနောက်ပါနဲ့ရှင်..

မိုးလေနှစ်ပါးယှဉ်တော့
ပျို့စပါးနစ်ကာမြုပ်ပါရော့
ဒီနှစ်တော့ အသပြာ
ချွေတာစရာလည်း မမြင်
သီတင်းရယ်သာကျွတ်တော့မယ်
ဖျင်ကြမ်းတောင်ဝယ်နိုင်မယ်မထင်တော့
ဒီဝသုန်.. နောက်တစ်ခါ မကြုံချင်လို့
မြတ်ဘုရားမှာ ဆုချွေဆင်း
ပျို့ရဲ့သက်ပြင်း ..။ ။
 

3 comments:

  1. don't worry...:D next rainy season coming for u ..

    ReplyDelete
  2. ပျို့ ဆုတောင်းလေး ပြည့်ပါစေနော်
    နောက်ထပ်သက်ပြင်းတွေ မချရပါစေနဲ့တော့

    ReplyDelete
  3. ကျုပ်တို့ ရွာကိုသာ လာခဲ့စမ်းပါဗျာ
    ဖျင်ထည်လောက်တော့ လက်ဆောင်
    ပေးနိုင်ပါတယ်လေ :p ။

    စတာနော်
    ကဗျာလေးကို သိပ်သဘောကျတယ် ။

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥