- It matters not how long you live, but how well.
- ဘယ်လောက်ကြာကြာနေခဲ့တယ်ဆိုတာအရေးမကြီးပါဘူး။ဘယ်လောက်ကောင်းကောင်းနေခဲ့တယ်ဆိုတာကအရေးကြီးတယ်။
- Never measure the height of a mountain, until you have reached the top. Then you will see how low it was.
- တောင်ထိပ်ကို မရောက်မခြင်း တောင်အမြင့်ကို ဘယ်တော့မှ မတိုင်းတာနဲ့။ တောင်ထိပ်ကိုရောက်မှ တောင်ဘယ်လောက်နိမ့်မှန်း သင်သိလိမ့်မယ်။
- The distance is nothing; it is only the first step that is difficult.
- အကွာအဝေးက အကြောင်းမဟုတ်ဘူး။ ပထမခြေလှမ်းကပဲ ခက်တာ။
- Fortune helps those who dare.
- ကံကြမ္မာက ရဲဝံ့သူကို ကူညီတယ်။
- There is always danger for those who are afraid of it.
- အန္တရာယ်ကို ကြောက်သူအတွက် အန္တရာယ်ဟာ အမြဲရှိတယ်။
- If you think you can or think you can’t your’re probably right.
- သင်လုပ်နိုင်တယ်လို့ ထင်သည်ဖြစ်စေ၊ မလုပ်နိုင်ဘူးလို့ ထင်သည်ဖြစ်စေ သင်မှန်နိုင်ပါတယ်။
- The two most powerful warriors are patience and time.
- အင်အားအကြီးဆုံး စစ်သည်တော်နှစ်ဦးက စိတ်ရှည်ခြင်းရယ်၊ အချိန်ရယ်။
- All great achievement require time.
- ကြီးကျယ်တဲ့ အောင်မြင်မှုတွေအားလုံး အချိန်လိုအပ်တယ်။
- Discovery consists of seeing what everybody has seen and thinking what nobody has thought.
- ရှာဖွေတွေ့ရှိခြင်းဆိုသည်မှာ လူတိုင်းမြင်ဖူးတာကိုမြင်ပြီး ဘယ်သူမှ မတွေးဖူးတာကို တွေးမိခြင်းဖြစ်တယ်။
- The optimist sees the doughnut, the pessimist, the hole.
- အကောင်းမြင်သမားက ဒိုးနတ်မုန့်ကို မြင်တယ်။ အဆိုးမြင်သမားက မုန့်က အပေါက်ကို မြင်တယ်။
- Honesty is the first chapter in the book of wisdom.
- ရိုးသားခြင်းဆိုတာ အသိပညာစာအုပ်ရဲ့ ပထမအခန်းဖြစ်တယ်။
- The stars are constantly shining but often we do not see them until the dark hours.
- ကြယ်တွေက အမြဲမပြတ် ထွန်းလင်းတောက်ပနေတာပါ။ ဒါပေမယ့် မှောင်မိုက်တဲ့အချိန်မရောက်မခြင်း သူတို့ကို မြင်ရလေ့ မရှိဘူး။
- Opportunities are seldom labeled.
- အခွင့်အလမ်းဆိုတာ တံဆိပ်ကပ်ထားခဲတယ်။
- Dig the well before you are thirsty.
- ရေမငတ်ခင် ရေတွင်းတူးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~ ✿✿✿ ~~~~~~~~~~~~~~~~~~~~~~~~~~~~
မှတ်သားစရာလေးတွေအတွက်ကျေးဇူးပါ
ReplyDeleteမှတ်သားသွားပါတယ်
ReplyDeleteမှတ်သားစရာလေးတွေဘဲ....ကောင်းတယ်သယ်ရင်းရေ......
ReplyDeleteမှတ်သားစရာ ဒဿနလေးတွေ ဖတ်မှတ်သွားတယ် ညလေးရေ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စကားပုံလေးတွေကောင်းတယ်ခင်ဗျ
ReplyDeleteသိပ်ကောင်းတဲ့အတွေးအခေါ်တွေပါပဲ
ReplyDeleteအင်အားအကြီးဆုံး စစ်သည်တော်နှစ်ဦးက စိတ်ရှည်ခြင်းရယ်၊ အချိန်ရယ်။
နှစ်ခုလုံးမရှိတာဘယ့်နှယ့်လုပ်မလဲ :P
မှတ်သားစရာတွေပါပဲ အားလုံးကိုမှတ်ထားတယ်
ReplyDelete