ပွင့်ဖတ်ဖြူဖြူ လေးရံမူကာ
ရင်ဝယ်အေးချမ်း ကံ့ကော်ပန်းက
တစ်နှစ်တစ်ခေါက် ကဗျာပေါက်ဖို့
ပိတောက်ပန်းနဲ့ မပြိုင်ခဲ့ငြား
နွေဦးတစ်လျှောက် ပွင့်ချိန်ရောက်တိုင်း
ရွှင်မြူးတက်ကြွ ငါတောင့်တသည်။
သူ့ရနံ့သင်း ဆောင်းဦးနှင်းလို
ဒီနွေအခင်း ဖြိုကာခွင်းလို့
ရှူရှိုက်ရသူ အပေါင်းလူကို
ကြည်လင်အေးချမ်း စိတ်လန်းဆန်းစေ
မေတ္တာစွမ်းအင် ဖန်တီးရှင်မို့
လည်ပြီးတစ်ခေါက် ပြန်ချိန်ရောက်တိုင်း
နှမြောတသ ငါ လွမ်းလှသည်။
ပန်းကိုလဲကြိုက်တယ်---ကဗျာလဲကြိုက်တယ်
ReplyDeleteပန်းကိုတော့ကော်ပီလုပ်သွားတယ်နော်
အဖြူရောင်ရှိတဲ့ပန်း အားလုံးနီးပါးကြိုက်တယ်
နေမကောင်းလို့အလာကျဲသွားတာ
အတိုးပါပေးခဲ့တယ်
အာဘွားးးးးးးးးးး
*_^
Deleteကဗျာလေးကိုထပ်တူခံစားပေးသွားပါတယ်..
ReplyDeleteကံ့ကော်ပန်းနံ့ကို အရမ်းကြိုက်တယ်..။ ကဗျာလေးလည်း ကောင်းတယ် :)
ReplyDeleteအမအကြိုက်ဆုံးပန်းလေးပေါ့ညီမရေ
ReplyDeleteရေးတတ်ပါပေ အားပေးခဲ့ပါတယ်..
နှစ်သစ်မှာပျော်ရွှင်ပါစေ
ကဗျာဆြာမလေးရေ...နာလည်း ကံကော်ပန်းကိုကြိုက်တယ်...ကဗျာလေးကလည် မိုက်တယ်..ငါတော့အဲကလိုရေးတတ်ဘူး....ဟီးးးးး
ReplyDeleteသည်လိုဖွဲ့နွဲ့မှု့လေးတွေ အတော်ရှားသွားပြီဗျာ့
ReplyDeleteကြိုးစားပြီး များများရေးစေ့ချင်ပါတယ် မြန်မာ့ရနံ့သင်းသင်းနဲ့ ကဗျာပန်းခင်းလေး တည်ဆောက်နိုင်ပါစေဗျာ။
လင့်ချိတ်ထားပါရစေဗျာ့ နော်။