Pages

Saturday, January 26, 2013

အမေဆိုတာ ..



 အမေဆိုတာ ..

ရင်အစုံကို ကန်တတ်တဲ့ ခြေတစ်စုံကို မြတ်နိုးစွာ နမ်းရှိက်တတ်သူ.. ♥

ဘယ်လောက်ဆိုးဆိုး.. မရိုးနိုင်အောင် ကြင်နာစိတ်ပူပေးတတ်သူ.. ♥

အပြစ်မမြင်.. အသက်နဲ့ပင် ကာကွယ်ပေးတတ်သူ.. ♥

ခံစားချက်ကိုမျိုသိပ်.. သားသမီးကို အရိပ်တစ်ခုလို အမြဲစောင့်ရှောက်နေချင်သူ.. ♥

သားသမီးတွေရဲ့ အိပ်မက်ကို... အခမ်းနားဆုံးဖန်တီးနိုင်ဖို့ ကြိုးစားသူ.. ♥

ရင်မှာအစဉ်ထားတဲ့ မေတ္တာနဲ့ ကိုယ်ပိုင်အခွင့်အရေးအားလုံးကို သားသမီးတွေအတွက် လမ်းခင်းပေးတတ်သူ.. ♥



(ပြာသိုလပြည့်နေ့မှာ ကျရောက်မယ့် အမေများနေ့အတွက် အမှတ်တရ ဒီစာလွှာလေးနဲ့ ဂုဏ်ပြုပါတယ်)

မေမေ့ကို အရမ်းလွမ်းတယ်.. မေမေ ♥

7 comments:

  1. မိခင်တို့ရဲ့ အနက်အဓိပ္ပာယ်ကို ကွင်းကွင်းကွက်ကွက်လေး ဖွင့်ဆိုထားတာပါလား ညလေးရေ။ အမေချစ်တဲ့ သားသမီးတို့ ဘ၀ခရီးလမ်းတစ်လျှောက် ကိုယ်စိတ်နှစ်ပါးအေးချမ်းမှာ အသေအချာပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. မရေ....ဒီနှစ်မှာတော့ မိုးနတ်ဘယ်လိုမှကို မရေးဖြစ်တာမို့
    သူများရေးထားတာလေးတွေပဲ လိုက်ဖတ်ကြည့်ပြီး
    ကြည်နူးသွားရပါတယ်....မရေးထားတာလေးကောင်းတယ်မ:)
    ကောင်းသောညပါရှင်...
    ချစ်တဲ့....မိုးနတ်

    ReplyDelete
  3. ညလေးရေ

    မကြီးလွမ်းလာရောက်အားပေးခဲ့တယ်။
    တကယ့်အဓိပ္ပါယ်ပြည့်ဝတဲ့ စာကြောင်းလေးတွေပါဘဲ



    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  4. အတွေးလေးတွေ ကောင်းတယ်ဗျာ
    အပေါ်ဆုံးစာကြောင်းက သိပ်ကိုပြောင်မြောက်တယ်။

    အမေတိုင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေဗျာ။


    ( မင်းဧရာ )

    ReplyDelete
  5. အမကြည်ဖြူ ...

    ရိုးရှင်းစွာနဲ့ ဖွင့်ဆိုသွားတာလေးက အမေတွေရဲ့ သား၊ သမီးအပေါ်ထားတဲ့ မေတ္တာကို ထင်သာစေတယ် ..

    ကိုယ်တိုင်လည်း တစ်ယောက်တည်းသာ ကျန်ခဲ့တော့တဲ့ အမေအပေါ်မှာ မေတ္တာထားသူမို့ စာလုံးတိုင်းရဲ့ အတိမ် အနက်ကို သိပါတယ် ... :) :)

    ReplyDelete
  6. သည်ကဗျာလေးအတွက်ကျေးဇူးပါ မမကြည်ဖြူ
    ကဗျာလေးကိုဖတ်ရင်း အဝေးကအမေကိုသတိရမိတယ်
    ပျော်ရွှင်နိုင်ပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  7. ကဗျာလေး ဖတ်ရင်း မေမေဟာ ညလေးတို့အတွက် သူရဲကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ ခံစားလို့ရနေတယ် မမရေ ...

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥