ဒီတစ်ရက်မှာ
ထပ်ရောက်လာတဲ့ မွေးနေ့
ဘုရားရှင်ရှေ့ သက်စေ့ပန်းတွေကပ်လို့
ဆုတောင်းဖို့ လက်အုပ်ချီရင်း တရားအလင်းပေးတဲ့
မြတ်ဗုဒ္ဓရဲ့ ဂုဏ်ကျေးဇူးကို
ဦးထိပ်ထားကာ ကန်တော့လိုက်ပါတယ်..
ဒီတစ်သက်မှာ
ပိုင်ဆိုင်လာဦးမယ့် ရှေ့နေ့
တစ်ရွေ့ရွေ့ ဖြတ်ကျော်ရင်း
နှလုံးသားလှဖို့ သင်ပေးဖူးတဲ့
မွေးမိခင်ရဲ့ ဂုဏ်ကျေးဇူးကို
ဦးထိပ်ထားကာ ကန်တော့လိုက်ပါတယ်..
ဒီဘ၀မှာ
ကြုံဆုံလာမယ့် ရှေ့ရက်
အခက်အခဲတွေကို ကျော်ဖြတ်လို့
အောင်မြင်မယ့်လမ်းကို ညွှန်ပြဖူးတဲ့
ဆရာသမားများရဲ့ ဂုဏ်ကျေးဇူးကို
ဦးညွှတ်ကာ ကန်တော့လိုက်ပါတယ်..
အမကြည်ဖြူရဲ့ မွေးနေ့ဆုမွန်ကဗျာလေးကို ဖတ်သွားခဲ့တယ်နော် .. ဘုရား၊ မိဘနဲ့ ဆရာသမားကို ဦးထိပ်ထားတာလေး ဖွဲ့ဆိုထားတာ နှစ်သက်မိပါတယ်
ReplyDeleteညလေးရေ...
ReplyDeleteမွေးနေ့ဆုတောင်း ကဗျာကောင်းလေးပါလား။
ညလေးမွေးနေ့လား။ ညလေးမွေးနေ့ဆို ဒီကနေဘဲ
မကြီးလွမ်း ဆုတောင်းပေးပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေ။
လောကအကျိုး သာသနာ့အကျိုးသယ်ပိုးထမ်းရွက်တဲ့ အမျိုးသမီးကောင်း
တစ်ယောက်ဖြစ်ပါစေကွယ်
ချစ်တဲ့
မကြီးလွမ်း
ယခုမွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာထိတိုင်အောင်
ReplyDeleteချစ်သူခင်သူများနဲ့ အတူတကွ ပျော်ရွင်ပြည့်စုံစွာနေထိုင်ခွင့်ရပါစေလို့ 
ဆုတောင်းပေးပါတယ် ညလေးချို
မမမွေးနေ့လား မမကြည်ဖြူရေ...
ReplyDeleteညလေးထက် အကြီးလို့သိရလို့ ရိုသေစွာနဲ့ မမလို့ခေါ်ပါရစေ...
ပြောမိတာ ဆိုမိတာမှားတာရှိရင်လဲ ခွင့်လွှတ်ပါမရေ...
ယခုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်တဲ့
မွေးနေ့များတိုင်အောင် စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့
လိုရာဆန္ဒတွေ ပြည့်ဝပါစေရှင် :)
ချစ်တဲ့....မိုးနတ်
မွေးနေ့ဆုတောင်း ကဗျာလေး ကောင်းတယ် :)
ဆုတောင်းထဲမှာ အဖေလည်း မပါဘူးး))။
ReplyDeleteသည့်နေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာချင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံပြီး
လောက ကောင်းကျိုးကို သည်ပိုးနိုင်သော အမျိုးကောင်းသမီးလေး ဖြစ်ပါစေဗျာ။
( မင်းဧရာ )