Pages

Monday, January 14, 2013

အမှန်တော့ ကိုယ်ယုံကြည်ရာတစ်ခုအတွက် အစွန်းရောက်ဖို့မလိုပါဘူး.. ဖြောင့်မတ်တည်ကြည်ဖို့ပဲ လိုပါတယ်..



ပိုင်ဆိုင်စရာများတဲ့ ဒီကမ္ဘာမှာ
အရာရာကတော့ ခဏအတွက်ပါ..
အလည်လာတဲ့ တို့တွေဟာ
အခိုက်အတန့်တွေတိုင်း ဆင်ဆင်ခြင်ခြင်နဲ့ မရိုင်းပဲ
ကိစ္စအ၀၀ကို နှိုင်းနှိုင်းဆဆလေး ဆောင်ရွက်လို့
သွေးမပျက်ပဲ မေတ္တာဖက်ရင်း လူပီသကြစို့လေ..

တစ်ခါတစ်ရံ ကန့်သတ်ထားတဲ့ ဘာသာတွေကြား
အာဃာတတွေများ ဒေါသတွေပွားနေလို့
ကိုယ်ကိုးကွယ်တဲ့ဘုရား အမြင့်မြတ်ဆုံးမရောက်ဘူး..
ဖြူဖြူမည်းမည်း ကြင်နာတတ်သူအားလုံးက လူတွေပဲ..

တကယ်ဆို လူကိုလူလိုပဲ မြင်ကြပြီး
လူကိုလူချင်းပဲ စောင့်ရှောက်ကြရမယ်..
ကျယ်ပြောပြီး မာယာများတဲ့ ဒုက္ခပင်လယ်ထဲရောက်တဲ့အခါ
လူဖြူလူမည်း ဘာသာကွဲလည်း ကံကြမ္မာက မျက်နှာသာပေးမယ်မထင်ဘူး..
သင်သာ ကြင်နာတတ်သူတစ်ယောက် ဖြစ်ပါစေ....

ဒီကမ္ဘာမြေမှာ လူလာဖြစ်ရသူတွေအားလုံးအတွက် သင် ထောပနာပြုပေးနိုင်လား..
စကားလုံးတွေတစ်ခါတစ်ရံ ကြီးကျယ်ကောင်း ကြီးကျယ်မယ်..
အမှန်တရားရဲ့မြင့်မြတ်မှုကိုတော့ သင်လက်မခံလို့မရဘူး မဟုတ်လား..

ဒီကမ္ဘာမြေဟာ ကျွန်မတို့အားလုံး အခိုက်အတန့်အလည်လာကြတဲ့ ထူးဆန်းတဲ့ နေရာလေးတစ်ခုပါ..
ဒီကမ္ဘာမြေကို သင် သွေးစွန်းစေခဲ့ရင်.. သင် အပြစ်ဖြစ်မှာပဲ..
အဲ့ဒီအတွက် မှန်ကန်တဲ့ ဆင်ခြင်တစ်ခုကို သင်ပေးနိုင်ခဲ့ရင်တော့..
သူ့ဧည့်စာရင်းထဲမှာ သင်က လူကောင်း ဖြစ်နိုင်ပါလိမ့်မယ်..

အမှန်တော့ ကိုယ်ယုံကြည်ရာတစ်ခုအတွက် အစွန်းရောက်ဖို့မလိုပါဘူး..
ဖြောင့်မတ်တည်ကြည်ဖို့ပဲ လိုပါတယ်..

5 comments:

  1. ဒီကမ္ဘာမြေဟာ ကျွန်မတို့အားလုံး အခိုက်အတန့်အလည်လာကြတဲ့ ထူးဆန်းတဲ့ နေရာလေးတစ်ခုပါ..
    ဒီကမ္ဘာမြေကို သင် သွေးစွန်းစေခဲ့ရင်.. သင် အပြစ်ဖြစ်မှာပဲ..
    အဲ့ဒီအတွက် မှန်ကန်တဲ့ ဆင်ခြင်တစ်ခုကို သင်ပေးနိုင်ခဲ့ရင်တော့..
    သူ့ဧည့်စာရင်းထဲမှာ သင်က လူကောင်း ဖြစ်နိုင်ပါလိမ့်မယ်..

    အမှန်တော့ ကိုယ်ယုံကြည်ရာတစ်ခုအတွက် အစွန်းရောက်ဖို့မလိုပါဘူး..
    ဖြောင့်မတ်တည်ကြည်ဖို့ပဲ လိုပါတယ်..

    တပုဒ်လုံးကို ကြိုက်တယ် ကြည်ဖြူရေ....
    လွပ်လပ်စွာတွေးပြီး ရေးထားတာလေးက ဒက်ထိမှန်နေပါပြီကော..:)
်fb မှာတွေ့လိုက်ရလို့ ပိုချစ်သွားတယ်..ကြည်ဖြူက ချစ်ချာရေး..
    ချစ်တဲ့.....မိုးနတ်

    ReplyDelete
  2. ဟုတ်တယ် .... ကိုယ်ကိုတိုင်က ခ၇စ်ယာန်ဆိုပေမဲ. အစွန်းေ၇ာက်တဲ.
    ဘာသာေ၇းအတွေးခေါ် ကိုယ်.မှာမရှိဘူး ... တစ်ခြားဘာသာထဲက ကောင်းတဲ.အယူအဆ အတွေးအခေါ် တွေကိုလည်း
    လက်ခံပေးတယ် ..... ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် မကောင်းတာလုပ်၇င် င၇ဲသွားမယ် ဒါပဲ ... :D

    ReplyDelete
  3. တိုတောင်းတဲ့ လူ့ဘဝကြီးမှာ လူသားအဖြစ် ရပ်တည်ခွင့်ရှိနေတဲ့ သူတိုင်း 'အမှန်တော့ ကိုယ်ယုံကြည်ရာ တစ်ခုအတွက် အစွန်းရောက်ဖို့ မလိုပါဘူး ဖြောင့်မတ်တည်ကြည်ဖို့ပဲ လိုပါတယ်' ဆိုတဲ့ စကားစုလေး ထိရောက်တယ် ကြည်ဖြူခင်ခင်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အတော်လေး ကောင်းတယ်ဗျ
    လူပီသ ဖို့ကအရေးကြီးတယ်မို့လား
    ခဏလေး တကယ့်ကို ခဏ လေး ရတဲ့ဘ၀မှာ
    သူက ဘာ ငါက ဘာ ဘယ်ဘာသာက ဘယ်လို
    ကျဟင်းခါးသီး စားလို့ မချိုပါဘူးဗျာ
    လူပီသစွာ နေပြကြတာပေါ့။

    ( မင်းဧရာ )

    ReplyDelete
  5. မှန်ပါတယ် ဒီကမ္ဘာမြေဟာ ကျွန်တော်တို့အားလုံး အတွက် အခိုက်အတန့်အလည်လာကြတဲ့ ထူးဆန်းတဲ့ နေရာလေးတစ်ခုပါပဲ
    လူ့ဘ၀မှာနေရတဲ့အခိုက်အတန့်လေးမှာ လူတိုင်းစိတ်ကောင်းလေးတွေထားနိုင်ရင်ကောင်းမှာပဲနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥