Monday, January 7, 2013
ငါ့ကဗျာ
ကြိုစားခြင်းတွေနဲ့ ရွက်လွှင့်
သတ္တိတွေ အခက်ပွင့်ဝေရင်းနဲ့ ငါဟာစူး
ဆူးတစ်ချောင်းတော့ နင်းခဲ့ဖူးတယ်..
ဘ၀တစ်လျှောက် သတိနဲ့လှမ်း
အမြင်တွေမပြတ်တမ်းထားလည်း
အချစ်ဘက်ခြမ်း လမ်းကူးခဲ့ဖူးတယ်..
ချွေးစက်တွေနဲ့ တာဝန်ကြား
ဗျာမများတတ်အောင်သင်ရင်း ခပ်ပါးပါးရူး
ကဗျာတွေလည်း ဖွဲ့ခဲ့ဖူးတယ်..
အားလုံးအတွက် သာတာရွေး
အမြန်မနှေးပဲ ခေါင်းကိုညိတ်လို့
ခံစားချက် မျိုသိပ်ခဲ့ဖူးတယ်..
ဝဋ်ကြွေးတစ်ခုရဲ့ နိဂုံးအတွက်
အမုန်းမရှိတဲ့ စိတ်နှလုံးနဲ့
အားလုံးကိုလည်း ခွင့်လွှတ်ခဲ့ဖူးတယ်.. .. ။
Subscribe to:
Post Comments (Atom)
ကဗျာကောင်းလေးတစ်ပုဒ်ကို လာရောက်ခံစားသွားပါတယ် မမကြည်ဖြူ
ReplyDeleteပျော်ရွှင်စရာနေ့ရက်လေးပိုင်ဆိုင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
အမ ကြည်ဖြူရေ .. ထပ်တူကျသွားခဲ့တယ်နော် :)
ReplyDeleteငါ့ ကဗျာကို မဂျီးဂျက်လာရောက်ခံစားရင်း
ReplyDeleteအမုန်းမရှိတဲ့ စိတ်နှလုံးနဲ့
အားလုံးကိုလည်း ခွင့်လွှတ်လျှက်.
ကဗျာလေးက ကောင်းထှာ.....ရိုးရိုးရှင်းရှင်းနဲ့ ပကတိအရှိကို
ReplyDeleteချပြထားတဲ့ ရင်ထဲက မွေးဖွားခဲ့တဲ့ ကဗျာ...:)
ချစ်တဲ့...မိုးနတ်
“၀ဋ်ကြွေးတစ်ခုရဲ့ နိဂုံးအတွက်
ReplyDeleteအမုန်းမရှိတဲ့ စိတ်နှလုံးနဲ့
အားလုံးကိုလည်း ခွင့်လွှတ်ခဲ့ဖူးတယ်.. .. ။” စကားလုံးလေးတွေကို ကြိုက်တယ် မမရေ ...
တစ်ခါတစ်ခါတော့
ReplyDeleteဘ၀ ဆိုတာ ဒီလိုပါဘဲ
အဆိုးတွေထဲက ပဲ အကောင်းတွေ ရွေးနေရမြဲပါဗျာ
ကြာလာတော့ နှလုံးသားတွေလည်း မာ နေရှာပေါ့။
( မင်းဧရာ )