Pages

Friday, November 23, 2012

စပါးခင်းနဲ့ နေမင်း




                              ညှင်းသွဲ့သွဲ့လေညှင်းနဲ့ အတွေ့မှာ

                              စိမ်းမြမြစပါးခင်း လူးလွန့်တော့

                              ရနံ့အေးအေးလေးနဲ့ ချမ်းမြေ့တဲ့ဆည်းဆာငယ်



                              တံစဉ်းကိုင် ဘကြီးတောင် ငေးတယ်..


                              မှုန်ပြပြတောင်ပြာတန်းနဲ့ အတွေ့မှာ

                              နီစင်းစင်းနေမင်း ၀ပ်ဆင်းတော့

                              တိမ်ညိုတန်းတွေနဲ့ သွယ်ယှက်တဲ့ဆည်းဆာငယ်

                              အိပ်တန်းတက် ငှက်တို့တောင် ငေးတယ် ~ ~ ✿

8 comments:

  1. ညှင်းသွဲ့သွဲ့လေညှင်းနဲ့ အတွေ့မှာ
    စိမ်းမြမြစပါးခင်း လူးလွန့်တော့
    ရနံ့အေးအေးလေးနဲ့
    ချမ်းမြေ့တဲ့ဆည်းဆာငယ်...အကိုတော့ချတ်ခြင်းဆိုသလိုမိမိကျေးရွှာလေးပြန်ေ၇ာက်သသွားသလိုပဲ..။လွမ်းသွားတယ်...တောဓလေ့တောရွှာလေးကိုချတတ်ခြင်းဆိုသလိုပြန်ေ၇ာက်ချင်မိပါ့ကဗျာလေးက.ပျောက်လိုက်တာညမရေ..အလိုလုပ်ပါ။

    ReplyDelete
  2. ကဗျာလေးကကောင်းလိုက်တာ

    ReplyDelete
  3. နောက်ထပ် တပုဒ်လောက်ဖြည့်လိုက်ရင်ကောင်းမယ်မရေ...
    ကဗျာလေးက မရေးထားတာ ပြီးသွားပြီလို့ဆိုပေမဲ့.....
    ညလေးစိတ်ထဲမတော့...တပုဒ်လောက်ဆက်ဆွဲလို့ရသေးတယ်လို့
    ထင်မိတာ..ဆရာလုပ်တာမဟုတ်ဘူးနော်မ..အကြံပေးတာပါ....:P
    ဒါပေသိ...မခေါင်းစဉ်ကိုက စပါးခင်းနဲ့နေမင်းဆိုတော့လဲ
    စောဒက မတက်လိုတော့ဘူးကွယ်......:D
    မရယ် ...ပျောက်ချက်သားက ကောင်းလှချည့်...အားဘူးလားကွယ်..
    မကြာခဏကို သတိရမိပါတယ်...ဟိုရက်က ညလေးလဲ နေသိပ်မကောင်းလို့
    အိမ်တွေသိပ်မလည်နိုင်ဘူး..အဲဒါကြောင့် မဆီလဲမရောက်ဖြစ်ဘူးလေ...
    ချစ်တဲ့.....မိုးနတ်

    ReplyDelete
  4. ကဗျာရှင်က စပါးခင်းနဲ့ နေမင်းကိုဘဲ ငေးတာ
    ကျုပ်ကတော့ စပါးခင်းရယ် နေမင်းရယ် တံစဉ်ကိုင်ဘကြီးရယ်
    အိပ်တန်းတတ်ငှယ်တွေရယ် အားလုံးကို ငေးသွားမိတယ်ဗျာ
    သည်လိုရှူ့ခင်းမျိုးတွေနဲ့ ဝေးနေတာ ကြာပြီမို့လား ရွာရောက်မှ အပြည့်အ၀ ခံစားမယ်ဗျာ။

    ReplyDelete
  5. မိုးနတ်ကြယ်စင်ပြောတာကို ထောက်ခံခဲ့ပါတယ်။ ခေါင်းစဉ်လေးက နုနုလေး။ နည်းနည်းလောက် ရှေ့ဆက်တွေးမယ်ဆိုရင် ပိုလှမယ်ထင်မိ။

    ReplyDelete
  6. ကဗျာလေးကောင်းတယ် ညီမလေး..အားပေးနေတယ်..အပေါ်ကပြောသလို ကဗျာကောင်းလေး ဆိုတော့ ဖတ်ရင်း မဝဘူးဖြစ်သွားတယ်..နဲနဲ လေး ရှည်ရင် ပိုကောင်းမယ်..း)

    ReplyDelete
  7. ချမ်းအေးတဲ့ နေ့လေးမှာ ကဗျာကောင်းလေးကို အားပေးသွားပါတယ်
    ပျော်ရွှင်ပါစေနော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  8. အားပေးသွားပါတယ် ညလေးချို

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥