ကမ္ဘာမြေ နှင်းတွေနဲ့ စိုစွတ်တဲ့အခိုက် မေမေ့ကို သမီးလွမ်းတယ်..
အရှေ့တောင်ဆီမှာ နေရောင်ခြည် ရတနာတစ်ပါးလို
ဖြာတော့ မေမေ့ရဲ့နွေးထွေးတဲ့ နှလုံးသားတစ်စုံကို သမီးလွမ်းတယ်..
ပြတင်းနားက နှင်းဆီဖြူတွေကြည့်ရင်း ကော်ဖီသောက်တော့ မေမေ့ရဲ့ကြင်နာခြင်းတွေကို သမီး လွမ်းတယ်..
ဆယ့်နှစ်ချက်ထိုးတဲ့နာရီသံအောက် ဦးချစရာမရှိတဲ့ ထမင်းဝိုင်းလေးမှာ မျက်ရည်ဝဲစွာ မေမေ့ကို သမီးလွမ်းတယ်..
ညနေလေပြည်နဲ့ သိပ်လှတဲ့ဆည်းဆာဟာ သမီးအတွက်တော့ ချို့ယွင်းချက်တွေနဲ့ မပြည့်စုံပေမယ့် မေမေ့ကိုလွမ်းတဲ့စိတ်နဲ့ပဲ နေ၀င်ခဲ့တယ်..
အအေးဓါတ်ကဲလွန်းတဲ့ ဒေါနမြေမှာ မေမေ မွှေးတဲ့ ထင်းမီးဖိုလေးကို တောင်းတရင်း သမီးမျက်ရည်ဝဲတယ်..
ဘယ်လိုတန်ခိုးရှင်မှ မေမေ့ကို သမီးရဲ့အနား မဆောင်ကြဉ်းပေးနိုင်မှန်းသိပြီးတဲ့နောက် မေမေဖြစ်တည်နေတဲ့ဘ၀မှာ ပြုံးလို့ရနိုင်အောင် သမီး အရင်လို မျက်ရည်မလွယ်တော့ကြောင်း သမီးကိုယ်စောင့်နတ်က တစ်ဆင့် မေမေ့ဆီ သတင်းကောင်းပို့လိုက်ပါ့မယ်..။
မေမေ အကြောင်းလေးကို လာဖတ်သွာတယ် နော်
ReplyDeleteညီမလေး ပျော်ရွှင်နိုင်ပါစေ
မျက်ရည်မလွယ်တော့တာကောင်းတယ် ညလေးကြည်ဖြူ။ ညလေးပျောက်နေတာတော်တော်ကြာပီနော်။ နေရောကောင်းရဲ့လား။
ReplyDeleteဖတ်ပြီး မျက်ရည်တောင် ၀ဲမိပါတယ်မရေ....
ReplyDeleteမရေးထားတာလေးက ပီပြင်လို့ဖြစ်မယ်...:)
ဒါထက် မ.ဘာလို့ပျောက်နေတာလဲဟင်..
အရမ်းသတိရပေမဲ့...လာမလည်နိုင်ခဲ့ဘူး...
ဘာကြောင့်ဆို မိုးနတ်မှာလဲ ကိုယ့်အပူနဲ့ကိုယ်မို့ပါ အမရေ..
ဒါပေမဲ့ သတိရနေတာကတော့ တကယ်ကြီးပါ....:)
ချစ်တဲ့.....မိုးနတ်