Pages

Saturday, September 1, 2012

လပြည့်ညနဲ့ ရွှေမြင်းဝန်



Photo: ငွေလစန္ဒာ ရှုမဝ
ဒီညမှာ ၀င်းပလို့
ရွန်းမြကာ သာသာယာယာ
တိမ်ညိုတွေကင်းကာ ရှင်းလှတယ်..

ရွှေရောင်ဝင်းဝင်း စေတီရင်းမှာတော့
ဆီမီးတွေလှိုင်လှိုင် ထွန်းညှိရင်း
ဘုရားတွေ ရေသပ္ပယ်လို့
ကြည်ညိုဖွယ် ကုသိုလ်ပြုကြတယ်..

သပြေခက်နဲ့ နံသာပက်တော့
ရနံ့တွေ သင်းကြိုင်တယ်
ရွှေမြင်းဝန် စေတီလယ်မှာ
ဓမ္မစင်္ကြာရွတ်ဖတ်သံနဲ့ ရင်နှစ်ဖြာ အေးချမ်းလှပါတယ်..။


(မြ၀တီမြို့ရှိ ရွှေမြင်းဝန်စေတီတော်မြတ်အား  ၀ါခေါင်လပြည့်ညတွင် ဒီကဗျာလေးနှင့် ပူဇော်ကန်တော့ပါ၏) 
(7:40 PM, 1-9-2012)

ငွေလစန္ဒာ ရှုမဝ
ဒီညမှာ ၀င်းပလို့
ရွန်းမြကာ သာသာယာယာ
တိမ်ညိုတွေကင်းကာ ရှင်းလှတယ်..

ရွှေရောင်ဝင်းဝင်း စေတီရင်းမှာတော့
ဆီမီးတွေလှိုင်လှိုင် ထွန်းညှိရင်း
ဘုရားတွေ ရေသပ္ပယ်လို့
ကြည်ညိုဖွယ် ကုသိုလ်ပြုကြတယ်..

သပြေခက်နဲ့ နံသာပက်တော့
ရနံ့တွေ သင်းကြိုင်တယ်
ရွှေမြင်းဝန် စေတီလယ်မှာ
ဓမ္မစင်္ကြာရွတ်ဖတ်သံနဲ့ ရင်နှစ်ဖြာ အေးချမ်းလှပါတယ်..။


(မြ၀တီမြို့ရှိ ရွှေမြင်းဝန်စေတီတော်မြတ်အား ၀ါခေါင်လပြည့်ညတွင် ဒီကဗျာလေးနှင့် ပူဇော်ကန်တော့ပါ၏)
(7:40 PM, 1-9-2012)



10 comments:

  1. လှလိုက်တဲ့ ကဗျာလေး . . . .

    အနံရယ်က သင်းကြိုင်
    အလင်းတိုင်မှာ ၀ါဝင်းလို့
    ရွှေမြင်းဝန် ဘုန်းတော်ကြောင့်ရယ်
    အေးချမ်းလှတယ်လေ . . .

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  2. ဖတ်ရတာစိတ်ကြည်နူးစရာပါ ညလေးရေ။
    ပါရမီရှင်တွေကျတော့လည်းကလောင်သွားလေးတွေထက်ပါ့နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ညလေးကဗျာက အ၇မ်းကောင်းတာပဲ ။

    ReplyDelete
  4. ရွှေမြင်းဝန်စေတီတော်မြတ်အား ဖူးမျှော်သွားတယ်။
    ကဗျာစပ်တတ်လိုက်တာ။

    ReplyDelete
  5. စေတီလေးက ကြည်ညိုစရာကောင်းလိုက်တာ . . .

    ReplyDelete
  6. ကဗျာလေးလဲ ဖတ်ရင်း ရွှေမြင်းဝန်စေတီတော်မြတ်ကိုလဲ ဖူးမျှော်သွားပါတယ်ခင်ဗျ :)

    ReplyDelete
  7. ကဗျာလေးဖတ်ရင်း စေတီတော်ကို ဦးခိုက်ကြည်ညိုသွားပါတယ်။ ကြည်ဖြူရေ အကြံပေးချင်ပါတယ်။ Blog Archive လေးထည့်ပါလား။ ဒါမှဘယ်လမှာကိုယ်ဘာရေးဖြစ်တယ်ဆိုတာသိသလို စာဖတ်သူလဲရှာရပိုလွယ်တယ်။ အကြံပေးတာပါ။

    ReplyDelete
  8. သပြေခက်နဲ့ နံသာပက်တော့
    ရနံ့တွေ သင်းကြိုင်တယ်
    ရွှေမြင်းဝန် စေတီလယ်မှာ
    ဓမ္မစင်္ကြာရွတ်ဖတ်သံနဲ့ ရင်နှစ်ဖြာ အေးချမ်းလှပါတယ်..။
    ကဗျာလေးကိုလာရောက်အားပေးသွားပါတယ်

    ReplyDelete
  9. ကဗျာလေးဖတ်ရင်း စေတီတော်ကို ဦးခိုက်ကြည်ညိုသွားပါတယ်။ ကြည်ဖြူရေ အကြံပေးချင်ပါတယ်။ Blog Archive လေးထည့်ပါလား။ ဒါမှဘယ်လမှာကိုယ်ဘာရေးဖြစ်တယ်ဆိုတာသိသလို စာဖတ်သူလဲရှာရပိုလွယ်တယ်။ အကြံပေးတာပါ။

    ReplyDelete
  10. ရွှေစာရံဘုရားကိုလာဖူးသွားတယ်ညလေးချို

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥