Friday, September 14, 2012
အကိုရေးတဲ့ ကျွန်မအတွက် ကဗျာ (၁)
ညီမလေးရေ....
အသင်္ချေများများနဲ့
ကျင်လည်သွားတဲ့ ဘဝတွေလည်း
များပြီကွဲ့..။
တခါတလေ ခွဲရတာ
ဘာဆန်းလည်း...
တခါတလေ ဝမ်းနည်းရတာ
ဘာဆန်းလည်း....
တစ်ခါတစ်လေနော်
တစ်ဘဝတခါတော့
ကျရူံးရတာပဲ...။။
ကဲ...
မင်း ဝမ်းနည်းဦးမလား ညီမ။
ငါတို့ အနာဂတ်
ငါတို့အတိတ်..
မင်းပစ္စုပ္ပန်ထက် ဘာများရွေးမလည်း...
ပစ်ပေါက်လိုက်စမ်းပါ...
မင်းရဲ့ မာနနဲ့
အလွှာပါးပါးလေးတွေဖုံးထားတဲ့
မျက်နှာတွေရဲ့
ဟန်ဆောင်အပြုံးတုတွေ..
ပြီး...
ခပ်ရှရှ စကားလုံးတွေသွေးလို့
ကဗျာဓားတွေ ထက်ထက်သွေးစမ်းပါ။
မင်းရဲ့ တရား..
မင်းရဲ့ သွေး..
မင်းရဲ့ အကျင့်တရား
မင်းရဲ့ စကား..
မင်းရဲ့ အမျိုး
မင်းရဲ့ အကျိုး သယ်ချင်သယ် (မသယ်ချင်နေ)
မဖျက်နဲ့ ..
မင်းအနာဂတ်မှာ
မင်း တရား
မင်း စကား
မင်း သွေး
မင်းအမျိုးမှာ ..
မင်းဂုဏ်သတင်း မွှေးစမ်းပါစေ...
ညလေးဟာ
မှောင်ချင်မှောင်မယ်..
နေ့ခင်းဟာ လင်းချင်လင်းမယ်...
အမှောင်မို့ ည
အလင်းရှိလို့ နေ့..
အခွင့်တိုင်းနေတဲ့ သဘာဝ
လူဟာ ပဓာနကျတယ်
ကဲ...ဘာမှားသလဲ..။
အတွေး...
အမြင်အသိ..
အရှိအတိုင်းမြင်..
အကန်းချင်ယောင်တော့ မဆောင်နဲ့
သံသရာစက်မှာ တပတ်ချင်းပတ်
(သံသရာ)ပတ်လို့မဆုံး
ဒါဟာ အမှောင်ဖုံးတဲ့ ဘဝပဲ..။
"တောက်" ခက်လို့ မာန်သွင်း
အရှိန်ဟုန် ပြင်းပြင်းနဲ့ ခွာခက်
မြင်းရိုင်းလို အသင့်
စွန်ရဲလို အမြင့်ပျံ
အဇျတ္တအမှန်နဲ့ လောကအမှန်ကို မြင်စမ်းပါ...။
လူလိမ်နဲ့ တွေ့တယ်
ချစ်ခင်သူတွေ စွန့်ခွာတယ်
အဖော်မွန်ကောင်းတွေ ပျောက်ဆုံး..
ဟင်..ဘာများဆန်းလည်း...
သုံးဆယ့်တစ်ဘုံ ကျင်လည်ရုံနဲ့
လွတ်ကင်းရုန်းချင်အဖြစ်
ဖြစ်ချင်းမရှူးံချင်လို့ မရ
ဒါ လူ့သဘာဝပဲ...။
သုတ်လိုက်စမ်း..
မင်းမျက်ရည်..
ပါးပြင်ထက်ဝက်..
စီးဆင်းမဖြတ်စေနဲ့...
တစ်ဘဝ တစ်နေရာ
တစ်ခဏတာ နေသမျှ
အလှတွေ မဝေချင်လည်း နေပါစေ
(နောင်) ဘဝအသင်္ချေတွေ လှဖို့လည်းလိုတယ်..။
Subscribe to:
Post Comments (Atom)
တကယ့်ကို ကဗျာကောင်းလေးပဲ ။
ReplyDeleteကဗျာ ကောင်းလေးတစ်ပုဒ်ကိုခံစားသွားပါတယ်
ReplyDeleteကဗျာလေးက စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးသလိုပါပဲလား
မမကြည်ဖြူတစ်ယောက်တော့ သည်ကဗျာလေးနဲ့ အားအင်တွေ ပြည့်နေပြီထင်ပါရဲ့ :P
ခင်တဲ့(အိမ်မက်ကောင်းကင်)
"တောက်" ခက်လို့ မာန်သွင်း
ReplyDeleteအရှိန်ဟုန် ပြင်းပြင်းနဲ့ ခွာခက်
မြင်းရိုင်းလို အသင့်
စွန်ရဲလို အမြင့်ပျံ
အဇျတ္တအမှန်နဲ့ လောကအမှန်ကို မြင်စမ်းပါ...။
လူလိမ်နဲ့ တွေ့တယ်
ချစ်ခင်သူတွေ စွန့်ခွာတယ်
အဖော်မွန်ကောင်းတွေ ပျောက်ဆုံး..
ဟင်..ဘာများဆန်းလည်း...
သုံးဆယ့်တစ်ဘုံ ကျင်လည်ရုံနဲ့
လွတ်ကင်းရုန်းချင်အဖြစ်
ဖြစ်ချင်းမရှူးံချင်လို့ မရ
ဒါ လူ့သဘာဝပဲ..
အဲဒီအပိုဒ်လေးကိုပိုပြီးကြိုက်တယ် အဆုံး အားလုံးကောင်းပါတယ်
မမရေ....ကဗျာကောင်းလေးခံစားသွားတယ်နော်...
ReplyDeleteမမအတွက် အကို(ချမ်းမင်း) ကရေးပေးထားတာပေါ့..ဟုတ်လား..
အားပေးလျက်.
ခင်မင်နေတဲ့..မိုးနတ်
တခါတလေ ခွဲရတာ ဘာဆန်းလည်း...
ReplyDeleteတစ်ခါတလေ ဝမ်းနည်းရတာ ဘာဆန်းလည်း.... တစ်ခါတစ်လေနော် တစ်ဘဝတခါတော့ ကျရူံးရတာပဲ...။။
ကျွန်တော်မှတ်မိနေတဲ့ ကဗျာတစ်ပုဒ်မှာတော့ ...
ReplyDelete... ဒီမြို့ရဲ့မိန်းခလေး ...မင်း အတွေးအခေါ်မှာ မင်း မကျရှုံးစေနဲ့ ...တဲ့
(လေးစားစွာဖြင့်)
ပို့စ်အသစ်တွေမတက်တော့ မဖတ်ရသေးတဲ့အဟောင်းလေးတွေ
ReplyDeleteဖတ်သွားပါတယ် ညီမလေးရေ... ဖိုးချမ်း ရေးတဲ့ကဗျာလေးတွေ
ကတမူထူးခြားတယ်... ရဲရင့်တယ်၊ ပြတ်သားတယ်...သူ့ကဗျာလေး
တွေကနေ သူ့ရင်ဘတ်ကိုလှမ်းကြည့်လို့ရတယ်... အကို ning
ဆိုက်တွေလည်နေ ထဲကဖိုးချမ်း ကဗျာတွေနဲ့ စပြီးရင်းနှိးခဲ့တယ်..
တစ်မူထူးခြားနေလို့ အမှတ်ရမိနေတာပါ... ကိုယ့်ညီမအတွက်ရေး
ပေးထားတဲ့ ဒီကဗျာလေးလည်း အရမ်းကောင်းတယ်... အားပေး
သွားပါတယ် ညီမလေးရေ... ရေးပေးတဲ့ ဖိုးချမ်း လည်းကိုလည်း
ချီးကြူးပါတယ် ညီမလေးရေ...
ခင်မင်စွာဖြင့်
ရာဇာထွေး