ဘယ်လောက်ဝေးဝေး သွေးမအေးတဲ့
အဆုံးအစမဲ့ ဆန္ဒတွေနဲ့
ခပ်နွေးနွေး ချစ်နေသေးရဲ့..
ဒီတစ်သက် မျက်နှာချင်းမဆိုင်ကြတော့ပေမယ့်
ရင်ဘတ်ထဲ ရမ္မက်ကင်းတဲ့အချစ်တွေကတော့
မင်းတစ်ယောက်တည်းပဲ ပိုင်တယ် ..
ဘာဖြစ်ဖြစ်.. တို့တွေ ထပ်ပြီးမနွယ်ကြေး
နှောင်ကြိုးလေးတွေ ကပ်ပြီးတွယ်တာသေးရင်
တစ်မြေ့မြေ့ နာကျင်ရဦးမှာမို့ ထာဝရ ဝေးစို့ ..
ဒီလိုဖြတ်ပစ်တဲ့ စကားလုံး
အစိတ်စိတ်ပြတ်နေတဲ့ နှလုံးသားက ထွက်ကျတော့
ကျိန်စာသင့်တဲ့ ဒီမိန်းမ.. မင်းမသိအောင် ရင်ကွဲနာကျဦးပေါ့ .. ..။
အော် ၀ဋ်ကြွေး... ၀ဋ်ကြွေး...
ReplyDelete၀ဋ်ကျေအောင် ဆပ်ရင်းနဲ့ပဲ ဒုက္ခတွေလဲ များလှပေါ့လေ
ဘာဖြစ်ဖြစ်.. တို့တွေ ထပ်ပြီးမနွယ်ကြေး
ReplyDeleteနှောင်ကြိုးလေးတွေ ကပ်ပြီးတွယ်တာသေးရင်
တစ်မြေ့မြေ့ နာကျင်ရဦးမှာမို့ ထာဝရ ဝေးစို့ ..
း)
နှစ်သက်မိတဲ့ စာသားလေးတွေပါ
ခင်မင်စွာဖြင့်
ဗညားရှိန်
ချစ်နေရက်နဲ့ လွမ်းခွဲကြရတာ ဝမ်းနည်းစရာ...
ReplyDeleteကဗျာလေး လှလိုက်တာ...အားပေးသွားတယ်နော်..မမရေ..
ReplyDeleteဆက်လက်ပြီးထုဆစ်နိုင်ပါစေနော်.
ခင်တဲ့..မိုးနတ်
ရင်ထဲမှာ နာကျင်ထားတာ မကြာသေးပါဘူး။
ReplyDeleteအမှန်ဘဲ ၊ ဒီမှာ ရင်ကွဲနာကျနေတာ :P