တွေးလိုက်တိုင်း ကြည်နူးစရာဖြစ်ချင်မှ ဖြစ်မယ်..
စားလိုက်တိုင်း အရသာတွေ့ချင်မှ တွေ့မယ်..
လျှောက်နေတာပဲ.. စိတ်ပါချင်မှ ပါမယ်..
တွဲနေတဲ့သူတိုင်းလည်း ချစ်ချင်မှ ချစ်မယ်..
ရန်ဖြစ်နေတဲ့သူတိုင်းလည်း မုန်းချင်မှ မုန်းမယ်..
ရည်စူးထားတိုင်းလည်း ညားချင်မှ ညားမယ်..
ဒီလိုပဲ..
ငါ့ကဗျာတိုင်း ငါ့ခံစားချက် ဖြစ်ချင်မှ ဖြစ်မယ်..
ငါရေးလိုက်တိုင်းလည်း မှန်ချင်မှ မှန်မယ်..
ငါပြောလိုက်တိုင်းလဲ ဟုတ်ချင်မှ ဟုတ်မယ်..
ဘာဖြစ်ဖြစ်..
အချစ်အမုန်း အသွားအပြန်ရှိတယ်..
အဆိုးအကောင်း ငါ နားလည်တယ်..
အမှားအမှန်အားလုံး ငါလက်ခံမယ် ..။
အချစ်အမုန်း အသွားအပြန်ရှိတယ်..
ReplyDeleteအဆိုးအကောင်း ငါ နားလည်တယ်..
အမှားအမှန်အားလုံး ငါလက်ခံမယ် ..။
ဖတ်ရတာ အလွန်ကောင်း၏....
အားပေးသွားပါတယ် အမရေ...:-)
တကယ့်ကဗျာကောင်းပဲ အားပေးလျက်ပါ
ReplyDeleteရေးးသမျှကဗျာတွေအကုန်ကြိုက်တယ်..:)
ReplyDeleteညလေးရေ..
ReplyDelete((( တွဲနေတဲ့သူတိုင်းလည်း ချစ်ချင်မှ ချစ်မယ်..))))
ညားတိုင်းလည်း - ချစ်ချင်မှ ချစ်မယ်....မကြီးကွ....
လက်ရာမြှောက်တဲ့ ကဗျာလေး လာရောက် အားပေးတွားတယ်။
ခံစားချက်တွေကပျင်းလှချည်လား
ReplyDeleteကဗျာလေးကိုခံစားသွားတယ်နော်
အချစ်က တကယ်အသွားအပြန်ရှိတာလား။
ReplyDeleteအမှန် အမှား အရာအားလုံးကို
ReplyDeleteလက်ခံနိုင်တာ အကောင်းဆုံးပဲညီမရေ
ငါ့ကဗျာတိုင်း ငါ့ခံစားချက် ဖြစ်ချင်မှ ဖြစ်မယ်..
ReplyDeleteမှန်လိုက်တာ
အချစ်အမုန်း အသွားအပြန်ရှိတယ်..
ReplyDeleteအဆိုးအကောင်း ငါ နားလည်တယ်..
အမှားအမှန်အားလုံး ငါလက်ခံမယ် ..။
စာစုတစ်ပိုဒ်မှာ ပါဝင်နေတဲ့ စာကြောင်းတိုင်းဟာ ရင်တွင်းခံစားချက်ကနေ ယိုဖိတ်စင်ကျလာတဲ့ စကားလုံးလေးတွေပေါ့ ညလေးရေ။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကောင်းအိ၊ အမ ကြည်ဖြူခင်ခင်
ReplyDelete“တွဲနေတဲ့သူတိုင်းကိုလည်း ချစ်ချင်မှချစ်မယ် ... အချစ်အမုန်းက အသွားအပြန်ရှိတယ်” ... တစ်ကယ်ရော အသွားအပြန်ရှိပါ့မလား မမရယ် ... :)
ReplyDeleteခံးစားချက်စာစုလေးကို လာရောက်ခံစားသွားပါတယ်ညီမလေးရေ..
ReplyDeleteညီမလေးရေးတဲ့ စာလေးတွေက အကို့အတွက်ဖတ်ရတာ ရသ တစ်မျိုးလိုခံစားရပါတယ်..
ဒါလည်းအနုပညာတစ်မျိုးပေါ့...အားပေးလျှက်ပါညီမလေးရေ...
ခင်မင်စွာဖြင့်
ရာဇာထွေး