ငါ့အာရုံတွေက မှိုင်းတက်..
အိပ်ရေးမ၀တဲ့ သူလို..
ဆန္ဒတွေက ကစဥ့်ကလျားနဲ့ ..
အလုအယက် ၀င်ရောက်တိုးဝှေ့..
နွေခေါင်ခေါင်မှာ ရေငတ်သူလို..
အာခေါင်တွေက ခြောက်ကပ်..
အို.. ဟိုးဝေးဝေးကို ပြေးထွက်ချင်တယ်.. .. ..
ဆန္ဒတွေက ကစဥ့်ကလျားနဲ့ ..
အလုအယက် ၀င်ရောက်တိုးဝှေ့..
နွေခေါင်ခေါင်မှာ ရေငတ်သူလို..
အာခေါင်တွေက ခြောက်ကပ်..
အို.. ဟိုးဝေးဝေးကို ပြေးထွက်ချင်တယ်.. .. ..
ဖြတ်တိုက်သွားတဲ့ ခပ်ပြင်းပြင်း..
လေညှင်းတွေနောက်..
လွင့်မျောသွားတဲ့ သစ်ရွက်ဝါလို..
ငါပျံသန်းကြည့်ချင်တယ်..
တစ်ကြိမ်လေးပါ.. ... ...
သံစဉ်တွေညည်းရင်း..
ငါသတိရတာက တေးဆိုသံတစ်ချို့ ..
အလိုအပ်ဆုံးတော့မဟုတ်ပါဘူး..
လိုအပ်နေချင်တဲ့ တစ်ခုပေါ့..
အားနည်းချက်တစ်ခုရဲ့ ရှိုက်သံတွေက
ငါ့ဆန္ဒတွေကိုတော့ ခွင့်မပြုဘူး..
ငါ့ဘ၀က ဆိုးတယ်..
ဆိုးခဲ့တာဖြစ်မယ် ... ... ...
ဆိုးလည်းဆိုးစေတော့..
ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်လို့..
ငါပြုံးလိုက်မယ်…
ဒီထက်ပိုပြီး ခံနိုင်ရည်ရှိဖို့တော့ မလိုအပ်တော့ဘူး..
အားလုံးက တရားမျှတပါတယ်... ... ...။
ငါ့အာရုံတွေက မှိုင်းတက်..
ReplyDeleteအိပ်ရေးမ၀တဲ့ သူလို..
ဆန္ဒတွေက ကစဥ့်ကလျားနဲ့ ..
အလုအယက် ၀င်ရောက်တိုးဝှေ့..
နွေခေါင်ခေါင်မှာ ရေငတ်သူလို..
အာခေါင်တွေက ခြောက်ကပ်..
အို.. ဟိုးဝေးဝေးကို ပြေးထွက်ချင်တယ်.................
စကားလုံးလေးတွေလှလိုက်တာကြည်ဖြူရေ
ဟုတ်တယ်..ရေးထားတာလေးက ဘယ်လိုဖတ်ဖတ်ကောင်းနေတယ်
ReplyDeleteသီချင်းတွေညီးရင်း..
ReplyDeleteငါသတိရတာက တေးဆိုသံတစ်ချို့ ..
အလိုအပ်ဆုံးတော့မဟုတ်ပါဘူး..
လိုအပ်နေချင်တဲ့ တစ်ခုပေါ့..(ဒါလေးသဘောကျမိပါတယ်..ညက ဂစ်တာရဲ့နံပါတ်(၂)ကြိုးပြတ်သွားလို့ သီချင်းသံစဉ်တချို့..ရပ်တန့်သွားခဲ့တယ်)
ကဗျာလေးက တကယ်ကောင်းပါတယ်
ReplyDeleteကျွန်တော်လဲ ကဗျာကောင်းကောင်းလေးတွေ ရေးချင်လိုက်တာ
နောက်ထပ် ကဗျာကောင်းကောင်းလေးတွေလဲ ဖန်တီးနိုင်ပါစေဗျာ
ဆိုးလည်းဆိုးစေတော့..
ReplyDeleteခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်လို့..
ငါပြုံးလိုက်မယ်....
အမြဲပြုံးနိုင်ပါစေဗျာ....:-)
အားပေးသွားတယ် ညီမရေ...
ReplyDeleteမှန်ကန်တဲ့အတွေးလေးနဲ့နိဂုံးချုပ်ထားတယ် ညလေးရေ။
ReplyDeleteလောကကြီးထဲကလူသားအားလုံးအတွက်
ကံကြမ္မာကမတူညီတဲ့ခေါင်းစဉ်တွေနဲ့တစ်ပြေးညီထိုးနှက်နေတာပါး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အားနည်းချက်တစ်ခုရဲ့ ရှိုက်သံတွေက
ReplyDeleteငါ့ဆန္ဒတွေကိုတော့ ခွင့်မပြုဘူး..
ငါ့ဘ၀က ဆိုးတယ်..
ဆိုးခဲ့တာဖြစ်မယ် ... ... ...
ဆိုးလည်းဆိုးစေတော့..
ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်လို့..
ငါပြုံးလိုက်မယ်…
ဒီထက်ပိုပြီး ခံနိုင်ရည်ရှိဖို့တော့ မလိုအပ်တော့ဘူး..
အားလုံးက တရားမျှတပါတယ်... ... ...။
မှန်ကန်မှုလေးပါ ..ကြိုက်လည်းကြိုက်မိသွားခဲ့တယ် အသုံးအနှုန်းလေး ..
ကဗျာကောင်းလေးတွေ ဒီ့ထက်မကရေးသားနိုင်ပါစေနော် ..
ခင်တဲ့
ထရီဆာ