ခက်ထန်မာကျောတဲ့ နှလုံးသားကို နူးညံ့ပျော့ပျောင်းသွားအောင် အချစ်က လုပ်နိုင်တယ်..
နူးညံ့ပျော့ပျောင်းတဲ့ နှလုံးသားကို ခက်ထန်မာကျောသွားအောင် အချစ်က လုပ်နိုင်တယ်..
ပျော့ပြောင်းနေတဲ့အခါ ယုယမယ်.. ခက်ထန်နေတဲ့အခါ ရက်စက်မယ်
အချစ်က တစ်ချို့အတွက် ဆွယ်တာတစ်ထည်လို နွေးထွေးစေတယ်..
အချစ်က တစ်ချို့အတွက် ထမင်းကြမ်းလို အေးစက်စေတယ်..
နွေးထွေးတဲ့အခါ ပွေ့ဖက်မယ်.. အေးစက်တဲ့အခါ စွန့်ပစ်မယ်
အချစ်ကို တစ်ချို့က ကိုယ့်အသက်လို တန်ဖိုးထားတယ်..
အချစ်ကို တစ်ချို့က ကိုယ့်ဂိမ်းလို ကစားတယ်..
နိုင်တဲ့အခါ ၀မ်းသာမယ်.. ရှုံးတဲ့အခါ မကျေပွဲနွဲမယ်.. ..
ဒီလို တည်ငြိမ်မှုမရှိတဲ့အချစ်ဟာ..
အပူထည့်လိုက် အအေးထည့်လိုက် လုပ်နေတဲ့ အပြောင်းအလဲတွေကြား
အချိန်မရွေး အက်ကွဲနိုင်တဲ့ ဖန်ခွက်တစ်လုံးလိုပဲ..

စကာလုံးတွေ အဓိပ္ပါယ်ရှိပြီး လှလိုက်တာ
ReplyDeleteဟယ်ငါ့အချစ်ကို ဖန်ခွက်လိုကွဲနိုင်သလား
ReplyDeleteပြန်စမ်းစစ်မှဖြစ်မယ်။
မှန်လိုက်တဲ့ ကဗျာလေး တစ်ပုဒ်ပါလား
ReplyDeleteစကားလုံးတွေမှာ လည်း အဓိပ္ပာယ်များစွာပါတယ်
ကဗျာလေးကိုလာအားပေးသွားတယ်နော်
ကဗျားလေးကအရမ်းကိုဖတ်လို့ကောင်းတယ်အမ
ReplyDeleteခံစားသွားပါတယ်
သေချာတာပေါ့ မမရယ် ... အချစ်က “အချိန်မရွေး အက်ကွဲနိုင်တဲ့ ဖန်ခွက်တစ်လုံးလိုပဲ.. နောက်ပြီး အချိန်မရွေး ထပေါက်ကွဲနိုင်မယ့် ဗုံးတစ်လုံးလိုပဲနော်” ... :)
ReplyDeleteအတွေးစလေးတွေကို..အစဆွဲထုတ်မိပြန်တယ်....
ReplyDelete