Pages

Wednesday, August 8, 2012

ဘာဖြစ်ဖြစ် ချစ်တယ်

    

   
      ဒီနေ့ကစပြီး ရန်မဖြစ်ကြေးလို့ ပြောခဲ့ကြတဲ့  ဒီနေ့ ပေါင်းများစွာ ရှိခဲ့တယ်..

      ဒီလိုပဲပြောပြောပြီး ရန်ဖြစ်ကြတဲ့ နေ့ပေါင်းကလဲ များခဲ့တယ်..


      နက်ဖြန်ကစပြီး လမ်းခွဲမယ့်စကားမပြောကြေးလို့ ပြောခဲ့ကြတဲ့ နက်ဖြန် ပေါင်းများစွာ ရှိခဲ့တယ်..

      ဒီလိုပြောပြောပြီး လမ်းခွဲစကားဆိုတဲ့ ရက်ပေါင်းကလဲ များခဲ့တယ်..


      ဘယ်သူနဲ့မှ သ၀န်မတိုကြေးလို့ ပြောခဲ့ကြတဲ့ နှုတ်ခမ်းလေးတွေက နူးညံ့တယ်..

      ဒီနှုတ်ခမ်းလေးတွေဆီကပဲ သံသယစကားတွေလည်း မရေတွက်နိုင်အောင် ထွက်ခဲ့တယ်..


      တွေ့ချင်ရက်နဲ့ မျိုသိပ်ပြီး အိပ်ခဲ့ရတဲ့ ညတွေ ရှိခဲ့တယ်..

      ဒီညတွေကပဲ အိပ်မက်ဆိုးကို အလည်လာဖို့ ဖိတ်ခဲ့တယ်..


      အဲ့ဒီလိုအနေအထားတွေနဲ့ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပြဿာနာတွေ တက်ခဲ့တယ်..

      ဒီပြဿနာတွေကြားပဲ  မောင်နဲ့ ကျွန်မ မခွဲနိုင်အောင် ချစ်ခဲ့တယ် ..

8 comments:

  1. ချိုမြိန်တဲ့ ပြဿနာလေးတွေနဲ့ ရှေ့ဆက်နိုင်ပါစေ

    ReplyDelete
  2. ဘယ်သူနဲ့မှ သ၀န်မတိုကြေးလို့ ပြောခဲ့ကြတဲ့ နှုတ်ခမ်းလေးတွေက နူးညံ့တယ်..

    ဒီနှုတ်ခမ်းလေးတွေဆီကပဲ သံသယစကားတွေလည်း မရေတွက်နိုင်အောင် ထွက်ခဲ့တယ်..

    ဒီပြဿနာတွေကြားပဲ မောင်နဲ့ ကျွန်မ မခွဲနိုင်အောင် ချစ်ခဲ့တယ် ..
    အရမ်းမိုက်တယ်..အားပေးသွားတယ် ညလေးရေ...

    ReplyDelete
  3. " အဲ့ဒီလိုအနေအထားတွေနဲ့ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပြဿာနာတွေ တက်ခဲ့တယ်..

    ဒီပြဿနာတွေကြားပဲ မောင်နဲ့ ကျွန်မ မခွဲနိုင်အောင် ချစ်ခဲ့တယ် "
    သည်လိုပဲဖြစ်သင့်တယ်လေ
    ကဗျာလေးကကောင်းပါတယ်
    အားပေးသွာတယ်နော် ♦_♦

    ReplyDelete
  4. ဒီပြဿနာတွေကြားကပဲ မောင်နဲ့ကျွန်မ မခွဲနိုင်အောင်ချစ်ခဲ့တယ် ... ချစ်သူ(၂)ဦးစလုံးရဲ့ အချစ်တွေထာဝရတည်တံ့နိုင်ပါစေ မမရေ ... :)

    ReplyDelete
  5. အပေါ်ယံပြဿနာလေးတွေမို့ တိုတောင်းတဲ့အချိန်မှာ ကြေအေးသွားလေ့ရှိတာပေါ့ ညလေးရယ်။
    အချစ်ကဗျာလေးအားပေးသွားတယ် ဖတ်ရတာကြည်နူးစရား)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ကဗျာလေးလာအားပေးသွားတယ်နော်...ကောင်းတယ်တစ်ပုဒ်လုံး...အဲဒါကြောင့် ....အကုန်လုံးကိုပြန်ရေးမပြတော့တာ နားလည်နော် မမရေ.....

    ReplyDelete
  7. အဟား တယ်ဟုတ်ပါလားညီမလေး....
    ရန်ဖြစ်လိုက် ပြန်ချစ်လိုက်
    ပြန်ချစ်လိုက် ရန်ဖြစ်လိုက် ပေါ့... အားပေးသွားပါတယ် ညီမလေးရေ...
    အကိုလည်းပြန်ရင် ရန်ဖြစ်လိုက်အုန်းမယ် :P

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  8. ကဗျာလေး ဖတ်သွားပါတယ်ခင်ဗျာ

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥