ကျွန်မ ဘေးမှာ
လက်တွဲဖော် လိုတယ်ဆိုရင်
အဲ့ဒါ မောင်ပဲ ဖြစ်စေချင်တယ် .. ..
မောင့် ဘေးမှာ
ပါရမီဖြည့်ဖက် လိုတယ်ဆိုရင်
အဲ့ဒါ ကျွန်မပဲ ဖြစ်နေချင်တယ် .. ..
ကျွန်မ က
မောင်လို့ တမြတ်တနိုး ခေါ်မယ်..
မောင် က ကျွန်မကို
တစ်သက် မရိုးနိုင်အောင် ချစ်ကွယ်.. .. .. ။
ကျွန်မ နဲ့ မောင်
တစ်ယောက်ကို တစ်ယောက် ဖေးမရင်း
နှစ်ယောက် တစ်ဘ၀ အိပ်မက်အတွက် .. ..
ယှဉ်တူတွဲလို့ ရောင်စဉ်လှလှ ခြယ်ရအောင် .. .. .. ။
ကဗျာလေးကောင်းပါတယ်....အားပေးသွားတယ်နော်
ReplyDeleteကဗျာလေးဖတ်ရတာ ကြည်နူးဖို့ကောင်းလိုက်တာ
ReplyDeleteညလေးရေ....
ReplyDeleteကျမချစ်တဲ့မောင်ဆိုလို့ မကြီးလွမ်းကိုများ အားကျတွားလား မသိ။ အဟီး
ဒီကလည်း မောင်ချစ်တဲ့ ကျမ ပြန်ရေးလိုက်မှာနော်...အဟဲ
ကဗျာလေး လာရောက်ခံစား အားပေးသွားတယ်။
ချစ်တဲ့
မကြီးလွမ်း
ဆေးရောင်စုံဖောင့်လေးတွေနဲ့အတူ 'မောင်' ကဗျာရိုးရိုးရှင်းရှင်းလေးကို
ReplyDeleteကြည်နူးစွာ အားပေးသွားတယ် ညလေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးကလည်းကောင်း ကြည်နူးစရာလည်းကောင်း
ReplyDeleteအော် သူများတွေကိုများ အားကျလိုက်တာ ^_^
မောင်ဆိုတဲ့ ညီတော်ရေ သိလိုက်တော့နော်
ReplyDeleteထာဝရ အဖော်က မောင်တစ်ယောက်ထဲပါပဲ
ReplyDeleteရိုးရှင်းသော ကဗျာလေးနဲ့ မောင်နဲ့ကျွန်မတို့ရဲ့ ချစ်ခြင်းတွေကို ဖော်ကျူးထားတာ အားကျဖွယ်ကောင်းလိုက်ပါဘိ ... :)
ReplyDeleteတစ်ယောက်ဘ၀ကို တစ်ယောက်ဖေးမရင်း ဆေးရောင်လှလှခြယ်နိုင်ပါစေ
ReplyDeleteကောင်းတယ်နော် စာတွေထက် ကိုယ့်တွေ့ရဲ့ခံစားချက် ပိုပြီး လေးနက်တယ်လို့ ကြားဖူးတယ်။ ကိုယ်တွေ့ဘဲဖြစ်မယ်.
ReplyDeleteအိုကေ အားလုံအဆင်ပြေပါစေ အမြန်ဆုံးပေါ့