Pages

Thursday, June 7, 2012

ကျွန်မတွေးမိတဲ့ ဘ၀ဆိုတာ..


ဘ၀ဆိုတာ နံနက်ခင်းပွင့်တဲ့ပန်းလို အမြဲမွှေးပျံ့မနေနိုင်ဘူး..

အိမ်မက်ဆိုးမက်တဲ့ ညလို ခဏခဏ ချောက်ခြားမနေဖို့ကိုပဲ ကြိုးစားပါ..


ဘ၀ဆိုတာ ချိုသာတဲ့ရယ်သံတွေချည်းနဲ့တော့ အမြဲတန်ဆာဆင်ထားနိုင်မှာမဟုတ်ဘူး..

အမှောင်ထဲမှာ တိုးတိုးတိတ်တိတ်နဲ့ အက်ကွဲနေတဲ့ ငိုသံတွေကို ခဏခဏ အန်ချမနေမိဖို့ကိုပဲ ကြိုးစားပါ..


ဘ၀ဆိုတာ ချစ်ခင်သူတွေနဲ့ချည်း အချိန်ပြည့် ဆုံဆည်းပျော်ရွှင်နိုင်မှာ မဟုတ်ဘူး..

အဆင်မပြေတိုင်း ခဏခဏ လွှင့်ပစ်လိုက် ပြန်ကောက်လိုက်လုပ်တဲ့ အမှတ်တရတွေအတွက် အလုပ်မရှုပ်မိအောင်ကိုပဲ ကြိုးစားပါ..


ဘ၀ဆိုတာ လိုတရပြီးပြည့်စုံနိုင်ခြင်းနဲ့ချည်း ဖြစ်တည်နေနိုင်မှာမဟုတ်ဘူး..

မတတ်နိုင်တဲ့ အရာတွေကိုပဲတွေးနေပြီး တတ်နိုင်တာတွေကို မမေ့ထားမိဖို့ကိုပဲ ကြိုးစားပါ..



ဒါဆို သင်ဝမ်းနည်းတဲ့ အကြိမ်အရေအတွက်ထက် သင်ပြုံးတဲ့ အကြိမ်က ပိုများလာလိမ့်မယ်.. :)

8 comments:

  1. အမှောင်ထဲမှာ တိုးတိုးတိတ်တိတ်နဲ့ အက်ကွဲနေတဲ့ ငိုသံတွေကို ခဏခဏ အန်ချမနေမိဖို့ကိုပဲ ကြိုးစားပါ----
    အားလုံးမှန်တယ်ညီမရေ
    အပေါ်ကစာကြောင်းလေးကိုအကြိုက်ဆုံးပါပဲ

    ReplyDelete
  2. ညီမလေးကြည်ဖြူရေ..

    ပိုစ့်ကောင်းလေးဖတ်သွားတယ်.
    (( အမှောင်ထဲမှာ တိုးတိုးတိတ်တိတ်နဲ့ အက်ကွဲနေတဲ့ ငိုသံတွေကို ခဏခဏ အန်ချမနေမိဖို့ကိုပဲ ကြိုးစားပါ.. ))
    ကြိုးစားပါမယ်။


    ခင်မင်တဲ့
    မကြီးလွမ်း

    ReplyDelete
  3. အင်း..အတွေးအမြင်လေးတွေ လာဖတ်သွားပါတယ်...

    ReplyDelete
  4. ဒါညီမရဲ့ဒဿနလှလှလေးတွေပေါ့...

    ReplyDelete
  5. အရေးအသားတွေ ပိုပိုကောင်းလာတယ်

    ReplyDelete
  6. ဒီနေရာလေးကို ရောက်လာရင် တခုခုကိုခံစားရတယ်...
    နှလုံးသားအဟာရ စကားစုလေးတွေကို လာရောက်
    ခံစားသွားပါတယ် ညီမလေးရေ...

    ခင်မင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
  7. ညစ်နေတဲ့ စိတ်လေးတွေ သက်သာသွားသလိုပဲ..ကျေးဇူးပါဗျာ

    ReplyDelete
  8. နန္ဒလျန်- ဟုတ်ပါတယ် ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တိုင်းမဖြစ် မဖြစ်ချင်တာတွေဘဲ ဖြစ်နေရတာလေ။

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥