Pages

Saturday, February 25, 2012

" WAR "

ဒီစာလုံးကို မြင်ရုံနဲ့ နှလုံးသားမှာ ထိတ်လန့်ရပါတယ် ... အာရုံမှာ စိတ်ပျက်ရပါတယ် ... ။
ဘာအတွက်ကြောင့် စစ်ဖြစ်နေရပါသလဲ ... ?
ဘယ်သူတွေအတွက်ကြောင့် စစ်ဖြစ်နေရပါသလဲ ... ?
ဘယ်လိုအရာတွေရဲ့ တွန်းအားတွေကြောင့်လဲ ... ?
ဒီစစ်ကို ဘယ်လိုရသကြောင့်များ နှစ်ခြိုက်နေရပါသလဲ ... ?
ဟုတ်တယ်.. ဒီလိုပြောရတာအကြောင်းရှိပါတယ် ...
"စစ်သွေးကြွ" ဆိုတဲ့ စကားကို ကြားနေရလို့ပါ ...
စစ်တိုက်နေရသူတိုင်း စစ်ကိုတော့ လိုလားကြမှာမဟုတ်ပါဘူး ...
တစ်ချို့တွေက ငြိမ်းချမ်းမှုအတွက် စစ်တိုက်နေတယ် ...
တစ်ချို့ကတော့ နယ်မြေလောဘတွေကြောင့် စစ်တိုက်နေတယ် ...
တစ်ချို့ကတော့ ဘာသာတရားအတွက် စစ်တိုက်နေတယ် ...
တစ်ချို့ကတော့ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် ကိုယ့်နယ်မြေတွေအတွက် ကာကွယ်ရင်း စစ်တိုက်နေရတယ် ...

အို .... ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ... မေတ္တာတရားကိုတော့ စစ်ကြားမှာ မတွေ့ရဘူးမဟုတ်လား .....
ဘာတွေပဲတွေ့ရမှာလဲ ... သွေးတွေ နဲ့ ခန္ဓာကြွေ တွေ ၊ နောက် မျက်ရည်တွေ ...
အဲ့ဒီနေရာမှာ အပြုံးတစ်ပွင့်ကို သင်ရှာလို့တွေ့နိုင်မလား ...
သင်ရော အဲ့ဒီလိုနေရာမှာ ပြုံးနိုင်မလား ...

မျှော်လင့်မိတယ် ... စစ်မရှိတဲ့ နေရာလေး တစ်နေရာကိုပေါ့ ....
ဒီကမ္ဘာမြေမှာ စစ်မဖြစ်တဲ့နေရာ .. တစ်နေရာရှိကောင်းရှိမှာပါ ...
အဲ့ဒီနေရာလေးမှာ
မိခင်တွေရဲ့ ဂရုဏာတွေ၊ ဖခင်တွေရဲ့ အကြင်နာတွေ၊ ကလေးတွေရဲ့ ရယ်မောသံတွေ နဲ့
သာယာနေလိမ့်မယ် ... ချစ်သူတွေလည်း ဘယ်တော့မှ မခွဲခွာရပဲ
အစဉ်လက်တွဲနေနိုင်လိမ့်မယ် ... အပြုံးတွေ ပလူပျံလို့ ပျော်ရွှင်မှုတွေ
ကနေလိမ့်မယ် ...

ဒီလိုအေးချမ်းတဲ့နယ်မြေသစ်လေးတစ်ခုကို ကမ္ဘာမြေက ပြန်လည်လို့မွေးဖွားပေးနိုင်ပါဦးမလား
ဒါကို စိတ်ကူးယဉ်တယ်ဆိုပြီး မပြောင်စေချင်ပါဘူး ...
ရူးနေသူဆိုပြီးတော့လည်း မလှောင်စေချင်ဘူးရှင် ...
ရင်နဲ့အမျှ ဆန္ဒတွေ ဖြစ်တည်နေတာမို့
ထပ်တူထပ်မျှ ခံစားစေချင်ပါတယ် ...

1 comment:

  1. အရမ်းကိုဖတ်လို့ကောင်းသလို၊ တွေးစရာတွေလည်းအများကြီးရသွားပါတယ်...
    ဒီပို့စ်မျိုးလေးတွေဆက်ရေးရင်း၊ ဒီအတွေးလေးတွေကိုလူတိုင်းခံစားရင်း
    စစ်ဘေးကင်းသော .... ကြီးဖြစ်ဖို့ ...

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥