ချစ်သူကို အဖြေပေးတဲ့နေ့ဆိုတာ ရက်ရာဇာ ပြဿဒါး ရွေးစရာမလိုဘူး
(အချိန်တိုင်း မင်္ဂလာရှိတယ်)
ချစ်သူနဲ့ တွေ့ရဖို့အတွက် နေသာမယ့် ရက်တွေကို စောင့်နေဖို့မလိုဘူး..
(မိုးထဲလေထဲလဲ ဖြစ်တယ်)
(အချိန်တိုင်း မင်္ဂလာရှိတယ်)
ချစ်သူနဲ့ တွေ့ရဖို့အတွက် နေသာမယ့် ရက်တွေကို စောင့်နေဖို့မလိုဘူး..
(မိုးထဲလေထဲလဲ ဖြစ်တယ်)
ချစ်သူနဲ့ အဆင်ပြေနေတဲ့ နေ့တွေတိုင်း နာရီတွေကို မကြည့်ချင်ဘူး..
(အချိန်တွေက ရန်ခုန်သံလောက် ဒီနေရာမှာ အသုံးမ၀င်ဘူး)
ချစ်သူနဲ့ စကားတွေပြောနေရရင် နေ၀င်မှာလည်း မစိုးရိမ်ဘူး..
(လရောင်အောက်မှာ ဆက်ပြောကြမယ်)
ချစ်သူရဲ့ အမုန်းတွေရခဲ့ရင်တောင် ရှုံးမှာကိုလည်း မစိုးရိမ်ဘူး..
(ချစ်သူ့အပြုံးတွေ ရင်ထဲမှာ ငြိနေခဲ့လို့)
ချစ်သူအတွက် ကဗျာတွေလည်း ရေးလို့ကုန်မှာ မစိုးရိမ်မိဘူး..
(ခံစားချက်တွေက နှလုံးခုန်တိုင်း အသက်ဝင်နေလို့ပေါ့)
















Yangon (Rangoon) Time
Bangkok Time
No comments:
Post a Comment
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..