Pages

Sunday, February 26, 2012

အရောင်စုံတဲ့ ရသ

 
တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ လေညှင်းလေး ဖြစ်၍
တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ မုန်တိုင်း ဖြစ်၏။

တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ ကဗျာလို ချို၍
တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ ကော်ဖီလို ခါး၏ ။

တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ ဘ၀ ကို ဖြူစေ၍
တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ အတ္တ ကို အရောင်ဆိုး၏။

တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ သူရဲကောင်းဖြစ်၍
တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ တစ္ဆေဖြစ်၏။

တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ အိမ်မက်ဖြစ်၍
တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ နတ်ဆိုးဖြစ်၏။

တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ မျှော်လင့်ချက်ဖြစ်၍
တစ်ရံတစ်ခါ၌ သူသည် ကျွန်မ၏ ကမ်းလွန်ပင်လယ်ဖြစ်လေ၏ .. .. ..။

No comments:

Post a Comment

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥