Pages

Wednesday, February 29, 2012

ချစ်တတ်တဲ့စိတ်ရဲ့ နောက်

ကျွန်မအနေနဲ့ အလွမ်းကို အနမ်းတွေရဲ့ အဆုံးလို့ မမှတ်ချင်ပါ ..
(အနမ်းတွေကို မပိုင်ဆိုင်ရသေးခင်တောင် စပြီး လွမ်းနေပြီ)

ချစ်ခြင်းတစ်ခုရဲ့ အနာဂါတ်မှာ ၀ိုးတစ်ဝါး အိမ်မက်တွေရဲ့ လှောင်ရယ်သံနဲ့
ပြည့်နှက်နေလိမ့်မယ်လို့ သူတို့ပြောသည်ကို ကျွန်မ လက်မခံချင်ပါ ..
(ဒီအိမ်မက်တွေက ကြည်လင်ပီပြင်နေတဲ့ အချစ်ကို အသေအချာပဲ အသက်သွင်းထားလို့ပါ)

ချစ်သူတွေရဲ့ နှစ်ယောက်တစ်ဘ၀ အစဟာ တွေ့ဆုံပေါင်းစည်းခြင်းလို့ ကျွန်မ မသတ်မှတ်ချင်ပါ..
(ခုဝေးနေတဲ့ အချိန်တွေမှာတည်းက တစ်ယောက်ရဲ့ ဆန္ဒနဲ့ တစ်ယောက်က ထပ်တူကျနေခဲ့ပြီပဲ)

No comments:

Post a Comment

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥