Pages

Wednesday, January 4, 2012

♥♥♥ အိမ်မက်ထဲက မိုးချစ်သူ ♥♥♥

 
သူ့မျက်နှာပေါ် ၀ဲကာသော်ယှက်
ဆံပင်နက်က မိုးပြေးလေးနောက်
တစ်ကောက်ကောက်နဲ့ လွင့်မျောတဲ့ဟန်
မဟာဆန်စွာ ငါ့ရင်မှာကား
ငြိတွယ်သွားပြီ … …။


ငါ့နဖူးပြင် အနမ်းတင်လို့
ချစ်သူ့အမှတ် တံဆိတ်ခတ်ခဲ့
ရင်ဝယ်ကြည်နူး အရူးမူးပဲ
မြူးတူးဆဲမို့ ရင်တသသ
စွဲလမ်းရပြီ … …။

ကြည်လင်ချိုသွေး မျက်နှာအေးနဲ့
သူ့လက်ကလေး ကမ်းကာပေးလို့
ယှဉ်တူလက်တွဲ မိုးဖွဲဖွဲထဲ
စိတ်အစဉ်က ထာဝရပင်
လက်တွဲချင်ပြီ … …။

အိမ်မက်ကလေး မိုးလိုအေးတော့
မင်းရင်ခွင်လေး နေခြည်နွေးဝယ်
ခိုလှုံရစဉ် မရုန်းချင်အောင်
အတ္တပါးပါး နှလုံးသားနဲ့
ရူးသွပ်ခဲ့ပြီ … …။

No comments:

Post a Comment

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥