သောင်တစ်ပြင်လုံး ခြောက်သက်သက်နဲ့
မှေးစက်လို့မရတဲ့ သမီးရဲ့ညမှာ
ကြယ်စင်တွေက ခရီးထွက်
ဒီလိုနဲ့ .. စိတ်ကူးတွေက အတွေးနက်ခဲ့
အို.. မေမေ့အတွက် အလွမ်းရက်တွေ မဆုံးခဲ့ပါလား .. ..။
ပင်လယ်လှိုင်းတွေ ပြင်း
လေညှင်းလေးတွေ သင်းနေလည်း
ခံစားလို့မရတဲ့ သမီးရဲ့ညမှာ
အပျော်တွေ ဘေးထွက်
ဒီလိုနဲ့ .. မျှော်လင့်ခြင်းတွေ မှိုင်းတက်ခဲ့
အို.. မေမေရဲ့ အငွေ့အသက်တွေနဲ့ ပြန်ဆုံခွင့်ပေးပါ.. ..။
နှလုံးသားတွေ နာကျင်
ရင်ဘတ်တစ်ခုလုံး ဗလာပြင်လို
ငိုလို့မ၀တဲ့ သမီးရဲ့ညမှာ
မျက်ရည်တွေ မှောက်
ဒီလိုနဲ့ .. အပြုံးနုတွေ ပျောက်ခဲ့တယ်
အို .. မေမေရယ် .. ခဏလောက်တော့ ပြန်လာပေးပါ .. ..။
















Yangon (Rangoon) Time
Bangkok Time
No comments:
Post a Comment
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..