Pages

Wednesday, January 4, 2012

!! အပြင်းစား ဆန္ဒ !!

 
မြို့အ၀င်ဝ လမ်းဘေးကပင်
ဘူးသီးကြော်သည် ဒေါ်သာကြည်ရဲ့
မိသားစုလေး ညစာလွှေးသော်
မ၀တ၀ ထမင်းကလျှင်
အူတစ်ဝက်ပင် ရှိရုံတင်လို့
ဤသို့ဖြစ်ပုံ ငါတွေ့ကြုံတော့
ဆန်ဈေးကျရန် ဆန္ဒထန်သည် … …။

မနက်ခင်းတိုင်း ဥသျှစ်ကိုင်းကို
အပင်ပေါ်တက် ချိုးရခက်လည်း
ကြက်ဝက်သားငါး ထိုအနားပင်
ကပ်ကာမနိုင် ငွေမပိုင်တဲ့
မောင်ငယ်လူလေး ဘ၀ပေးပုံ
တွေ့မြင်လျှင်တော့ ငါရင်သော့တုန်း
ကုန်ဈေးနှုန်းပင် ကျစေချင်သည် … …။

ခရီးတစ်လျှောက် စိတ်ကူးပေါက်ရာ
ကဗျာရေးရန် အတွေးလှန်တုန်း
အမှတ်မထင် လှမ်းကာမြင်သည်
သူငယ်မလေး ဘူတာဘေးမှာ
ခွက်အက်လေးကိုင် ထိုင်ကာမှိုင်ပုံ
အမြင်ဆုံတော့ ရင်တစ်ကျော့လုံး
အားအင်နှုန်းလို့် ငါ့စိတ်တို့လေး
ထကာပြေးလျှင် ဖေးမချင်သည် … …။

ဒီအဖြစ်မျိုး စနစ်ဆိုးကို
ပပျောက်စေချင် ဆန္ဒပင်ကား
ရင်ဝယ်ငြားရှိ ပြင်းထန်မိလည်း
ငါတစ်ဦးမှာ မတတ်သာမို့
အားမတန်လို့ မာန်လျှော့ဖို့ကို
မတွေးလိုပြန် ဆုတောင်းရန်ကား
ငါတန်ခိုးရှင် ဖြစ်လိုက်ချင်သည် … …။

No comments:

Post a Comment

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥