Pages

Monday, November 28, 2011

နံနက်ခင်းနှင့်တူသော ချစ်သူ

 
နံနက်ခင်း မိုးလင်းတော့

ကြားရတဲ့ ငှက်တစ်ကောင်ရဲ့တေး

ရင်မှာအေးမြသလို မင်းအသံချို

ကြည်လင်အေးလှသလို..



နံနက်ခင်း ရွှေဆင်းလိုပေါ့

လာကျတဲ့ နေခြည်သင်းရဲ့အလင်း

ဘ၀င်မှာနွေးမြသလို မင်းအပြုံးချို

တကယ်ပင် နွေးလှသလို ..



နံနက်ခင်း ပြတင်းနားက

မွှေးသင်းတဲ့ နှင်းဆီဖြူရဲ့အဆင်း

တကယ်ပင်ရှင်းသန့်သလို မင်းမျက်နှာချို

အစဉ်သာ လန်းလှသလို ..



နံနက်ခင်းစိုစို အတွေးချိုနဲ့

ငါ့ရင်မှာ ကြည်နူးလာတော့

ချစ်သူ့အထာ ဒီကဗျာလေး

ငါ ချရေးလိုက်မိတော့…



သြော်.. ချစ်သူ

နံနက်ခင်းလို လန်းဆန်းချိုသင်း

အချစ်တစ်ခင်းလောက် ငါ့ရဲ့ရှေ့မှောက်မှာ

ပျိုးလို့သာဖန်ဆင်းဖို့ နင်လှမ်းလို့လာပါတော့ကွယ် ..။

1 comment:

  1. နံနက်ခင်းစိုစို အတွေးချိုနဲ့
    ငါ့ရင်မှာ ကြည်နူးလာတော့
    ချစ်သူ့အထာ ဒီကဗျာလေး
    ငါ ချရေးလိုက်မိတော့-----
    စာသားလေးတွေလှလိုက်တာ
    အချစ်ကဗျာစစ်စစ်လေးဖတ်ရလို့ကျေးဇူးပါနော်

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥