Pages

Wednesday, November 16, 2011

မေ့လိုက်တော့



အလှမ်းကွာလွန်းတဲ့ မင်း နဲ့ ငါ့အကြား

ချစ်တယ် ဆိုတဲ့စကား ငါ မပြောရက်ခဲ့တာ ...


တစ်နေရာစ်ီဝေးနေတဲ့  မင်း နဲ့ ငါ့အကြား

လွမ်းတယ် ဆိုတဲ့စကား ငါ ပြောမထွက်ခဲ့တာ ...


“ချစ်တယ်” ...  လို့  မင်း တစ်ခွန်းပြောတိုင်း

ငါ ပေါ့ပျက်ပျက်ရည်သွမ်းသွေး

ဘာကိုမှ အလေးမထား ဟန်ဆောင်ခဲ့တာ ...


“လွမ်းတယ်” ...  လို့  မင်း တစ်ခွန်းပြောတိုင်း

ငါ ရူးမိုက်မိုက် ပုံစံနဲ့

ဘာကိုမှ ဂရုမစိုက် မာန်ဆောင်ခဲ့တာ ...


မင်း ကို ငါ မချစ်ခဲ့လို့ မဟုတ်ပါဘူး

ငါ့ ရဲ့ ရင်မှာ မင်း အတွက် ချစ်ခြင်း

ရနံ့တစ်သင်းသင်းနဲ့

ရင်ဘတ် ပန်းတစ်ခင်းစာမက

မွှေးမြ ရှင်သန်နေခဲ့တာပါ ...


မင်း ကို ငါ မလွမ်းလို့လည်း မဟုတ်ခဲ့ပါဘူး

ငါ့ရဲ့ နှလုံးသားမှာ မင်း အတွက် လွမ်းခြင်း

ရင်နင့်ခြင်း စစ်စစ်နဲ့

ဘ၀ ပင်လယ်ပြင် တမျှ

သောက ဝေနေခဲ့တာပါ ...


မင်း ချစ်တာကို လစ်လျှူရှူ

မင်း လွမ်းတာကို ဥပက္ခာပြုလို့

မင်း ဘ၀အတွက်

နှလုံးသားကို လမ်းခင်း

ဟန်လုပ်ခြင်းတွေနဲ့ ပေါင်းသင်းခဲ့တာ

မင်း ကို မနာကျင်စေချင်တော့လို့ပါ ...


နားလည်ပေးလိုက်ပါတော့ ချစ်သူ

နှလုံးသွေးနဲ့ရေး …

ကဗျာနဲ့သာ ပေးဆပ်ခွင့်ရတဲ့ ငါ့ဘဝ

မင်း နဲ့ ကွာခြားလွန်းလှတာမို့

ရင်နာနာနဲ့ သာပြောလိုက်ပါရစေ ...


“မေ့လိုက်ပါတော့လေ” ... ... ... ...။

                                                      

1 comment:

  1. ခံစားသွားပါတယ်ဗျာ...
    ပေးဆပ်အချစ်ဆိုတာ အဲဒါမျိုးထင်တယ်...:)

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥