Pages

Friday, October 14, 2011

ကျိန်စာသင့်သူ

ချစ်သူ ….
နှစ်ကူးမယ့် ဒီလိုလ
ချိုမြမြ ညတစ်ည
နင် နဲ့ ငါ ဆုံဆည်းစဉ်ကပေါ့
သံစဉ်တွေက မြူးမြူး
ရင်ခုန်သံက မူးမူးနဲ့
ကြည်နူးစွာ ခုန်ပေါက်လို့
အိမ်ပြန်ဖို့တောင် မေ့ဖူးတယ် …
သံယောဖဉ် ရစ်ဖွဲ့ခဲ့
သိုဝှက်တဲ့ ငါ့အချစ်လည်း
နင်လေ ကြိုပြီး သိခဲ့တယ် …
ဒီတုန်းကတော့
ရင်ခုန်နှုန်းလည်း မြန်နေဆဲမို့
ဟိုစဉ်အတိတ်လည်း ငါမေ့ခဲ့ …
ချစ်မိတဲ့ အစမို့
အပြစ်လို့ မတွေးချင်
ခြောက်သွေ့စဉ် တခဏ
စာနာစွာ နင်ဖေးမတော့
သာယာမိပေါ့ ချစ်သူရယ် …
ဖုန်းဆက်တိုင်းလည်း
နင့်သံချို အစဉ်ကို အလိုရှိလို့
အချိန်ကုန်မှာလည်း စိုးရိမ်တယ် …
လသာသာ ညခါတွေလည်း
ငါလေ နင့်အကြောင်းတွေးဖြစ်ဆဲ
ကာရံမညီတဲ့ ကဗျာတွေလည်း
နှလုံးသားကနေ ခုန်ကာဆင်းမြဲ …
နင့်ရယ်သံတွေ ကြားရခိုက်
ငါပြုံးလိုက်တဲ့ ခဏလည်း
ဖြိုးဖြိုးဖြတ် ကြယ်လေးတွေတောင်
အရောင်မှိန်လို့ ဖျော့ကုန်ရဲ့…
ဖုန်းမဆက်တဲ့ ညတွေလည်း
စိတ္တဇပဲ ထင်ကာရယ်
ငါလေကွယ်မနေတတ်လို့
နေမြင့်အောင်ပဲ ရူးခဲ့တယ် …
သြော်… ခုတော့ဖြင့်လည်း
ငါ့ စိတ်ကူးလေး ပန်းလိုမမွှေးတော့
ထပ်ခိုးလို မှိုင်းစွဲခဲ့
ရယ်သံတွေ ငိုအောင်ပြောင်းတဲ့
ငါ့ ကိုယ်ငါပဲ အပြစ်တင်တယ် …
တကယ်ပါ ချစ်သူရယ်
အမှန်ကို ဆင်ခြင်
ပြင်ဆင်ကာ ငါရုန်းထွက်ဖို့
ဆုံးဖြတ်လို့ ခဏမှာပဲ
ရင်ကွဲနာ ကျချင်လာရဲ့
မေ့သင့်တဲ့ ဇာတ်လမ်း
ဒီမှာတင် စခန်းရပ်လို့
ရှေ့ဆက်စို့ ဘ၀သစ်တွက်
အမြစ်ပါ ပြတ်အောင်
ဒီသံယောဇဉ် ငါလေ နှုတ်မယ် …
ဒီကျိန်စာ ဒီဘ၀တင်ပျယ်ဖို့
နောင်ခါ နောင်ဘဝ
မကြုံပါရစေနဲ့တော့လို့
တောင်းဆုတွေ အခါခါခြွေရင်း
နှုတ်ဆက်ခဲ့တယ် ထာဝရ
ဝေးကြစို့ကွယ် ချစ်သူရယ် … ။ ။

No comments:

Post a Comment

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥