ကြည်ပြာရောင်ညနေခင်းမှာ
လေပြည်အေးတွေနဲ့
ချိုမြတဲ့ သံစဉ်တစ်ပုဒ်
ငါဖန်တီးနေတုန်း
ဗြုန်းဆို .. ..
အက်ဆစ်မိုးရွာချ
ငါ့ ..
အသွေးအသားတွေ
ခ၀ါချခဲ့ရတယ် .. ..။
ဟန်ဆောင်မှုတွေ
များတဲ့လောကထဲ
မာယာများနဲ့
ပြည့်နှက်မှန်း
ငါ .. သိလည်း
နောက်ကျခဲ့ပြီကွယ် .. ..
ကံကြမ္မာက
ငါ့ .. ကို
လှောင်ပြောင် ..
ကောင်းသောလာခြင်းတွေအားလုံး
မှောင်ခဲ့တယ် .. .. ..။















Yangon (Rangoon) Time
Bangkok Time
No comments:
Post a Comment
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..