လေညှင်းလေး ပြေးလာစဉ်
သံလွင်နံ့လေး သင်းလာတယ်
ကြည်ပြာရောင် ညနေခင်းက
ရင်ဝမှာ လာအေးချမ်းလို့
ငါတစ်ကိုယ်တည်း ရှိနေလည်း
ပျော်ရွှင်နေပါတယ်…။
သက်တံ့တွေ ခေါင်းပေါ်မိုးနေစဉ်
ရောင်စုံတွေ ငါ့ဆီဖျာကျတယ်
ပျော်စရာ ညနေခင်းက
သဘောမှာ လာတွေ့လို့
ငါတစ်ကိုယ်တည်း ရှိနေလည်း
ကြည်နူးနေပါတယ်…။
ငှက်လေးတွေ ဖြတ်ပျံစဉ်
သံစဉ်တွေ ငါ့ကို လာမှန်တယ်
ချိုသာစွာ ညနေခင်းက
အပြုံးတွေ ဖန်တီးလို့
ငါတစ်ကိုယ်တည်း ရှိနေလည်း
ရယ်မောနေပါတယ်…။
နေမင်းက ညိုလာစဉ်
ဆည်းဆာတွေ ငါ့ကို လွမ်းစေတယ်
ပုစွန်ဆီရောင် နေ၀င်ချိန်က
ဒီရင်မှာ နာကျင်လာလို့
ငါတစ်ကိုယ်တည်း ခံစားရလည်း
မေမေ မသိတော့ပါကွယ်… … …။
















Yangon (Rangoon) Time
Bangkok Time
No comments:
Post a Comment
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..