အေးချမ်းတဲ့ သဘောကိုဆောင်တဲ့
တောတောင်တွေရဲ့ အလှဟာ
တို့ဘ၀တွေရဲ့ နိမိတ်ဆိုရင်
ထာဝရအတွက်
တွဲလက်တွေ မဖြုတ်စတမ်း
ဘယ်သူပြိုလဲ ဖေးမကူညီ
အနာဂါတ်လမ်း
ဘယ်လောက်ကြမ်းကြမ်း
ရဲရဲလှမ်းမည်
မယိုင်မလဲ ခိုင်မြဲသစ္စာ
ကျောက်စာတိုင်ပမာ
နှလုံးသားတွင် ကမ္မည်းတင်လို့
မော်ကွန်းတည်မည်…။
ဘယ်လောက်ဝေးဝေး
သွေးမအေးတဲ့ ဖြူစင်မေတ္တာတွေ
ရင်ထဲမှာ အပြည့်
နင်တွေ့စေဖို့
ငါအင်အားတွေ မွေးနေပါ့မယ်..။
ကြိုးစားပါ သူငယ်ချင်း..
လောကမှာ အရောင်တွေ
တောက်ပစေဖို့ နောက်မကျခင်
ဘ၀ကို အလှဆင်ရင်း
ရောက်တဲ့နေရာတိုင်းမှာ
သတိနဲ့ စဉ်းစား
အတင်းစကားတွေလည်း နင်မယုံပါနဲ့ကွယ်…။
















Yangon (Rangoon) Time
Bangkok Time
No comments:
Post a Comment
အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..