Pages

Monday, July 8, 2013

လကို ချစ်တဲ့ သူမ.. သူမကို ချစ်တဲ့ ကျွန်တော်





လှတပတ စိတ်ကူးနဲ့

သူမ ချစ်တဲ့   အတွက်ဆို ကဗျာတွေ ရေးချ

တစ်ရေးနိုးလည်း ထ ထ ကြည့်ဖြစ်တာက သူမ ချစ်တဲ့

တစ်ဖြည်းဖြည်းဝင်းပလာတဲ့  နဲ့အပြိုင် သူမ ကြည်နူးမှုက တသသ ပေါ့..



လပြည့်ည

အိပ်ပစ်လိုက်ရမှာ နှမြောတယ်လို့  ကိုကြည့်ရင်း ရင်သပ်ရှုမောစွာ သူမ ဆိုတဲ့

ကာရံတွေမသုံးတောင် သိပ်လှတဲ့ ကဗျာတစ်ပုဒ်ကို သူမ က ဆက်သလို့ပေါ့..



မသိမသာ သိသာစွာနဲ့ တစ်ဖြည်းဖြည့်းပဲ့ကြွေတဲ့ အလင်းရောင်အောက်

တစ်ရစ်ခြင်းပါးလျှ ဆုတ်ချခံရတဲ့ ရဲ့ နေ့စွဲတွေမှာ အလင်းဖြူတွေ အားအင်လျှော့..

တရိပ်ရိပ်စစ်ချီလာတဲ့ မှောင်မိုက်ခြင်းတွေဟာ အလုံးစုံအနိုင်ရရှိတဲ့ အခိုက်မှာ

သူမရဲ့ ကြည်နူးဝင်းပတဲ့ မျက်နှာဟာ တစ်ခဏတော့ မှောင်သွားတယ်..



ကျွန်တော့်စိတ်ကူးနဲ့ အကြိမ်ကြိမ် သူမပျော်ဖို့ ကြိုးစားပေးတယ်..

သူမ ချစ်တဲ့ ကို အမြဲဝင်းပဖို့ ကျွန်တော်အားကုန်သုံးပြီး ဂဟေဆက်ပေးတာလည်း မရေတွက်နိုင်အောင်ပဲ..

တကယ်ပါ..

ကျွန်တော် လည်း ကို ချစ်သူပါ..

သူမကိုလည်း ချစ်သူပါ..

ကျွန်တော်ချစ်တဲ့ ရော သူမကိုပါ.. အမြဲတမ်း လင်းလက်ဝင်းပလို့ နေစေချင်တယ်ဗျာ..


(ဤပုံလေးအား.. စိတ်ကူးနှင့်ခံစားရေးဖွဲ့သည်) (July-7-2013)

 

2 comments:

  1. အရင်တုံး က အဲ့လိုစိတ်ကူး ယဉ်ခဲ့ဖူးတယ်

    ReplyDelete
  2. ပို့စ်လေးဖတ်သွားခဲ့ပါတယ် ညီမလေးရေ...

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥