Pages

Thursday, January 3, 2013

အတိတ်ဆိုတဲ့အရာ သင်ခန်းစာယူပါ



အောင်မြင်တဲ့လူတစ်ချို့ကို သင် အားကျလေးစားဖူးမှာပါ..
အဲ့ဒီလို လူမျိုးတွေရဲ့ အတိတ်မှာ..
အေးစက်စက် ထမင်းကြမ်းတွေ ရှိခဲ့ချင်ရှိခဲ့လိမ့်မယ်..
ချမ်းအေးလွန်းတဲ့ ဆောင်းရာသီ အအေးဒဏ်ထဲ ပုဆိုးစုတ်နဲ့ ကွေးချင်ကွေးခဲ့ရဖူးမယ်..
အော်ငေါက်သံစကားလုံးတစ်ချို
့အောက်မှာ ပုခုံးတွေ ဂျွတ်တက်အောင် ပြုစားခံရတာမျိုးလည်း ရှိခဲ့ချင်ရှိခဲ့မှာပဲ..
အထင်သေးအရာမသွင်းတဲ့မျက်လုံးတစ်ချို့အောက်မှာ စိတ်ဒဏ်ရာတွေ သွေးချင်းချင်းနီချင်နီခဲ့ဖူးတာလည်း ရှိခဲ့ချင် ရှိခဲ့လိမ့်မယ် ..
ကျန်ခဲ့ပြီးတဲ့ အတိတ်ဆိုတာ.. ဘယ်အတွက်မှ အရေးမကြီးဘူးလို့ မဆိုပါနဲ့..
လက်ရှိပစ္စုပ္ပုန်မှာ အောင်မြင်မှုတွေကို ထိန်းသိမ်းရင်းနဲ့ အနာဂါတ်အတွက် ဆင်ခြင်တွေးတောရင်း ငယ်ရွယ်သူတွေကို ပမာပေးဖို့ရန် အမှတ်ရနေဖို့တော့ လိုပါလိမ့်မယ် ..
အတိတ်ဆိုတာ.. နားထောင်ကောင်းတဲ့ ပုံပြင်ဟောင်းတစ်ပုဒ် မဟုတ်ဘူး..
အတိတ်ဆိုတာ.. ရယ်စရာ ဟာသတစ်ပုဒ် မဟုတ်ဘူး..
အတိတ်ဆိုတာ.. အတွေ့အကြုံတွေ သင်ယူခဲ့ရတဲ့ စာသင်ခန်းကြီးပါပဲ…. ….။

4 comments:

  1. အတိတ်မှာကြုံတွေ့ခဲ့ရသမျှအပေါ် သင်္ခန်းစာရယူပြီး အနာဂါတ်အမှားနည်းဘို့ အတွက် ပစ္စုပ္ပန်မှာ အကောင်းဆုံးကြိုးစားလုပ်ကိုင်ရမှာပေါ့ ညလေးရေ။
    အရေးအသားလေးတွေကောင်းတယ်။
    နှစ်သစ်နဲ့အတူ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. တန်ဖိုးရှိတဲ့ ပို့စ်ကောင်းလေးအတွက် ကျေုးဇူးပါနော်...
    နှစ်သစ်မှာ ပျော်ရွှင်ပါစေရှင်..
    ချစ်တဲ့....မိုးနတ်

    ReplyDelete
  3. ညလေးရေ...

    အတိတ်ဆိုတာ.. နားထောင်ကောင်းတဲ့ ပုံပြင်ဟောင်းတစ်ပုဒ် မဟုတ်ဘူး..
    အတိတ်ဆိုတာ.. ရယ်စရာ ဟာသတစ်ပုဒ် မဟုတ်ဘူး..
    အတိတ်ဆိုတာ.. အတွေ့အကြုံတွေ သင်ယူခဲ့ရတဲ့ စာသင်ခန်းကြီးပါပဲ
    **************
    ရေးတတ်လိုက်တာ။။မကြီးလွမ်းတော့ သဘောကျပါ၏.
    အရောက်လာခဲ့တယ်။ နှစ်သစ်လေးမှာ ပျော်ရွှင်ပါရဲ့လား။
    အဆင်ပြေတယ်ဆို လက်ခုပ်သံလေးကြားချင်ပါတယ်။

    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  4. ဒီပို့ စ်လေးကို ကြိုက်တယ်..မင်္ဂလာရှိသောနှစ်သစ်လေး ဖြစ်ပါစေ...

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥