Pages

Wednesday, December 26, 2012

ကျွန်မလွမ်းတဲ့..... ကောင်လေးတစ်ယောက်အကြောင်း




ကျွန်မ..  မကြာမကြာ လွမ်းတတ်တဲ့
ကောင်လေးတစ်ယောက် ရှိပါတယ်..

သူက နှင်းကျတဲ့အရပ်က မဟုတ်ဘူး..
နှင်းလိုအေးတဲ့အပြုံးတော့ သူ့မှာ ရှိတယ်..

သူက မီးတောင်ရှိတဲ့အရပ်က မဟုတ်ဘူး..
တစ်ခါခါ မီးလိုပူပြင်းတဲ့ ဒေါသ သူ့မှာ ရှိတယ်..

သူက ဧရာဝတီ မြစ်ကမ်းဘေးက မဟုတ်ဘူး..
မြစ်လို အေးအေးချမ်းချမ်းနေလိုတဲ့ ဆန္ဒ သူ့မှာရှိတယ်..

သူဟာ သစ်ပင်တွေအောက် တစ်နေ့တစ်ခေါက် မရောက်ဘူး
ကျွန်မအတွက်တော့ ကဗျာထိုင်ရေးဖို့ အရိပ်ကောင်းသစ်တစ်ပင် သူ့စိတ်ကူးထဲမှာ ရှိတယ်..

သူဟာ နေနတ်သားနဲ့ လနတ်သမီးက မွေးဖွားသူမဟုတ်ဘူး..
နေလိုလလို ခံစားချက်နှစ်မျိုးနဲ့ ကျွန်မကို ပြုစားသူ ဖြစ်တယ်..

သူဟာ ကျွန်မကို စကားလုံးလှလှနဲ့ မဖျားယောင်းဘူး..
နှလုံးသွေးနဲ့ ပန်းတစ်ခင်းတော့ အသေအချာပဲ စိုက်ပေးခဲ့တယ်..

သူဟာ ဘုရားသခင်ရေးတဲ့ ကျွန်မနဖုးထက်က ဖူးစာဖက်မဟုတ်ဘူး..
အသဲတစ်ခြမ်း လောင်ကျွမ်းခံပြီး ခပ်ဝေးဝေးက ကျွန်မကို တိတ်တဆိတ်ချစ်မြတ်နိုးသူဖြစ်တယ်.. 
..။
                                        

4 comments:

  1. ကလောင်ထက်ထက်နဲ့ သီကုံးထားတဲ့ ကောင်းလေးတစ်ယောက်အကြောင်း ဖတ်သွားတယ် ညလေးရေ။ နေကောင်းတယ်ဟုတ်? မဆုံတာကြာပေါ့း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အရမ်းလှပတဲ့ကဗျာလေးပါလား။ ခံစားသွားပါတယ်။

    ReplyDelete
  3. ကွန်မက်လေးတွေ့တာနဲ့အမြန်ပြန်လိုက်လာရတယ်
    လိုက်လာရကျိုးနပ်ပါတယ် ကျွန်မလွမ်းတဲ့ကောင်လေးတယောက်ကို
    မကြီးဂျက်လဲကူလွမ်းလိုက်မိပြီ

    ReplyDelete
  4. ခေါင်းစဉ်မှာ ကတည်းက ခိုက်နေတာ...ဖတ်ကြည့်လိုက်တော့
    အရမ်းကြိုက်သွားတယ်မရေ...ဒီတစ်ပုဒ်ကတော့ တကယ်ပဲ
    ရင်ထဲထိပါ့....ရင်တွင်းခံစားချက်အမှန်အကန်တွေလားဟင်..
    ကောင်းလို့ မေးကြည့်တာပါ....:)
    ချစ်တဲ့....မိုးနတ်

    ReplyDelete

အားပေးသူမိတ်ဆွေအပေါင်းကို အစဉ်လေးစားလျက်..

အားပေးမှုတွေအတွက် ကျေးဇူးပါရှင်

Facebook Comment


Facebook Page

♥ Love Poem ♥