လှိုင်းတံပိုးတွေ မနားတမ်း ရိုက်ခတ်နေပေမယ့်..
ပင်လယ်ရဲ့အနားသတ်တွေဆီက ကျောက်သားကျောက်ဆောင်တွေဟာ
စိုးရိမ်တုန်လှုပ်ခြင်းကင်းသလိုပဲ..
ကြမ်းတမ်းတဲ့ဒုက္ခတွေနဲ့ ပြင်းထန်တဲ့ရှုတ်ချမှုတွေ
အဘယ်လောက်ပင် များစမ်းပါစေ..
ကျွန်မတို့ရဲ့ စိတ်နဲ့ခန္ဓာ ဟန်ချက်ပျက်ပြီး
ဘာအကြောင်းနဲ့မှ မယိုင်လဲစေရဘူးလို့
နှလုံးသွင်းပြီး မာန်ခပ်တင်းတင်းနဲ့ ဘ၀ရဲ့ အဆိုးတွေကို ကြံ့ကြံ့ခံစို့.။
တကယ်တော့ ခွန်အား၊ စိတ်အားနဲ့ ယုံကြည်မှုဆိုတာ
ကိုယ့်ရဲ့ အတွင်းထဲမှာပဲ ရှိတယ်မဟုတ်လား ..
ကိုယ့်ရဲ့ လိုအင်ဆန္ဒအပေါ် ယုံကြည်မှုသာ ပြင်းထန်..
နောက်ဆုံးမှာ သင်ဟာ အောင်မြင်မှုရဲ့ ခရီးဦးကြိုပြုခြင်းကို
တအံ့တသြ မြင်တွေ့ခွင့်ရလိမ့်မယ် .. ... ..။
လောကဓံတရားကို ကြံ့ကြံ့ခံနိုင်ခြင်းရဲ့ ရလာဒ်ဟာ အောင်မြင်ခြင်းပေါ့ ညလေးရေ။ ကဗျာလေးအားပေးသွားတယ်နော်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်တာပေါ့ကြည်ဖြူလေးရေ
ReplyDeleteခွန်အား၊ စိတ်အားနဲ့ ယုံကြည်မှုဆိုတာကိုယ်ထဲမှာရှိနေတာပါ
လူသားအားလုံးဘ၀ရဲ့ အောင်မြင်မှု အရသာကိုခံစားရပါစေလို့
“တကယ်တော့ ခွန်အား၊ စိတ်အားနဲ့ ယုံကြည်မှုဆိုတာ
ReplyDeleteကိုယ့်ရဲ့ အတွင်းထဲမှာပဲ ရှိတယ်မဟုတ်လား ...” ... ခွန်အားတွေ တက်ကြွသွားသလိုပဲ ... အမှန်ပါပဲ မမရေ ... ကိုယ့်ရဲ့ခွန်အားစိတ်ဓါတ်ယုံကြည်မှုဆိုတာ ကိုယ်ဖန်တီးယူတဲ့အရာတွေချည်းပါပဲ ... :)
ကြမ်းတမ်းတဲ့ဒုက္ခတွေနဲ့ ပြင်းထန်တဲ့ရှုတ်ချမှုတွေ
ReplyDeleteအဘယ်လောက်ပင် များစမ်းပါစေ..
ကျွန်မတို့ရဲ့ စိတ်နဲ့ခန္ဓာ ဟန်ချက်ပျက်ပြီး
ဘာအကြောင်းနဲ့မှ မယိုင်လဲစေရဘူးလို့
နှလုံးသွင်းပြီး မာန်ခပ်တင်းတင်းနဲ့
ဘ၀ရဲ့ အဆိုးတွေကို ကြံ့ကြံ့ခံစို့.တဲ့
အားပေးသွားပါတယ်နော်အမ
စာလေးဖတ်ပီး စိတ်ခွန်အားတွေတက်လာပါတယ် ကြည်ဖြူရေ
ReplyDelete