ခင်မင်ရင်းနှီးအောင်နေဖို့ အချိန်ပေးပါ..
ဒါဟာ ပျော်ရွှင်မှုဆီ သွားရာလမ်းပဲ ..
အိပ်မက်မက်ဖို့ အချိန်ပေးပါ..
ဒါဟာ ကိုယ့်စိတ်ကူးတွေကို ငွေစင်ပက်ဖျန်းပေးလိုက်တာပဲ..
ကိုယ်က ချစ်သလို .. ကိုယ့်ကိုလည်း အများက ချစ်ဖို့အချိန်ပေးပါ..
ဒါဟာ နတ်ပေးလို့မရတဲ့ ကြည်နူးမှုပဲ..
ပတ်ဝန်းကျင်ကို လှည့်ကြည့်ဖို့ အချိန်ပေးပါ..
ဒါဟာ သင်ယူစရာနဲ့ ပြည့်နှက်နေတဲ့ စာသင်ခန်းပဲ..
ရယ်မောဖို့ အချိန်ပေးပါ..
ဒါဟာ အပြစ်ကင်းတဲ့ စာသားမဲ့ ဂီတမို့ပါ..။
ဒါဟာ သင်ယူစရာနဲ့ ပြည့်နှက်နေတဲ့ စာသင်ခန်းပဲ..
ရယ်မောဖို့ အချိန်ပေးပါ..
ဒါဟာ အပြစ်ကင်းတဲ့ စာသားမဲ့ ဂီတမို့ပါ..။
ဟုတ်ကဲ့လိုက်နာပါ့မယ်။
ReplyDeleteအချိန်ပေးမှ ပြင်ဆင်ချိန်ရသလို အတွင်းသဘောလည်းစစ်ကြောလို့ရတာပေါ့ ညလေးရေ။
ReplyDeleteမှတ်သားဖွယ်ရာလေးတွေ မှတ်သားသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ရယ်မောဖို့ အချိန်ပေးပါ..
ReplyDeleteဒါဟာ စာသားမဲ့အပြစ်ကင်းတဲ့ ဂီတမို့ပါ..။
အားပေးသွားတယ် ညီမလေးရေ။
တိုတိုရှင်းရှင်း အရာသာရှိရှိ အားရအောင် ဖတ် + မှတ်သွားတယ်.
“ပတ်ဝန်းကျင်ကို လှည့်ကြည့်ဖို့ အချိန်ပေးပါ
ReplyDeleteဒါဟာ သင်ယူစရာနဲ့ ပြည့်နှက်နေတဲ့ စာသင်ခန်းပဲ”
မှတ်သားစရာတွေပါ...ဖတ်ပြီးမှတ်သားသွားပါတယ် ညီမလေးရေ..
ခင်မင်စွာဖြင့်
ရာဇာထွေး
ဟုတ်တယ် အချိန်တွေပေးဖို့လိုနေတယ်..။
ReplyDeleteချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
မှန်တယ် အချိန်တွေပေးရမယ်
ReplyDeleteအွန်လိုင်းကိုချည်း အချိန်ပေးနေုလိ့ မဖြစ်ဘူး ဟီးးးး :P
comment လေးတွေလာရေးဖို့..ကျွန်တော့်ကိုအချိန်ပေးပါ..
ReplyDelete(ကျွန်တော်သုံးတဲ့ လိုင်းကြောင့် ဘလော့ဂါတွေရဲ့ပို့စ်မှာတင်တဲ့ ဓာတ်ပုံတွေကိုမမြင်နိုင်ပါဘူး.. ကျွန်တော့ ဘလော့မှာတော့.အားလုံးမြင်နိုင်အောင်..အဆင်ပြေတဲ့ image hosting မှာတင်ပြီး..ဘလော့မှာပြန်တင်ထားတယ်...ခုတလောလိုင်းတွေအရမ်းကိုနှေးနေလို့ပါ) နောက်ပြီး..ဒီစာမျက်နှာလေးကို ၀င်လိုက်တာနဲ့ auto play နေတဲ့ သီချင်းလေးဟာ.ကျွန်တော့်အတွက်.စကားလုံးနဲ့ပြန်လည်ဖော်ပြဖို့.ခက်ခဲစေတဲ့..ဝေဒနာ တစ်မျိုးကို ခံစားမိစေတယ်.ဆိုတာကိုလည်း............
မှတ်သားစရာကောင်းတဲ့ စာသားလေးတွေကိုမှတ်သားသွားပါတယ်
ReplyDelete